Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စာသင်ကျောင်း လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့ အစီအမံ ၇ ချက်ကို ထိုင်းအစိုးရ သဘောတူ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

ဩဂုတ် ၇ ရက်နေ့တုန်းက ဘန်ကောက်နားမှာရှိတဲ့ နွန်သန်ဘူရီက ကျောင်းတစ်ကျောင်းနဲ့ နေအိမ်မှာ ကျောင်းသားတစ်ဦးက သေနတ်နဲ့ ပစ်ခဲ့လို့ လူ ၈ ဦးသေပြီး သေနတ်သမား ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ ထိုင်းတစ်နိုင်ငံလုံးကို အထူးချောက်ချားသွားစေခဲ့တဲ့နောက် သေနတ်ကိုင်ဆောင်ခွင့် မူဝါဒတွေကို တင်းကျပ်ဖို့၊ ကျောင်းတွေမှာ လုံခြုံရေး အစီအမံတွေကို မြှင့်တင်ပေးဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

ထိုင်းအစိုးရအဖွဲ့က ဆွေးနွေး သဘောတူခဲ့တဲ့ အချက်တွေထဲမှာတော့ ကျောင်းဝင်းထဲ မဝင်ခင်မှာ လူတိုင်းကို လက်နက်တွေ၊ တရားမဝင် ပစ္စည်းတွေ၊ မူးယစ်ဆေးတွေ သယ်ယူမလာတာ သေချာအောင် စစ်ဆေးမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အစီအမံတွေကို ပညာရေးနဲ့ ဆက်နွှယ်တဲ့ အစိုးရ အေဂျင်စီအားလုံး ချိတ်ဆက်ပြီး စံသတ်မှတ် လုံခြုံရေး စည်းမျဉ်းတွေအဖြစ် အကောင်အထည် ဖော်သွားမယ်လို့ ပညာရေးဝန်ကြီး ပရာဆတ် ဂျန်တာရာရွန်တောင်က ပြောကြားခဲ့ပါတယ်။

အခု မူကြမ်းနဲ့ ပတ်သက်ပြီး လူထုအမြင် ကောက်ခံမှုတွေကို စက်တင်ဘာ ၉ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီနောက်ကျမှ ဥပဒေအဖြစ် အသက်သွင်းနိုင်အောင် လွှတ်တော်ဆီ တင်ပြသွားမယ်လို့ ဆိုပါတယ်။

နွန်သာဘူရီမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့တော့ မှုခင်းဖြစ်ရပ် နေရာကို စစ်ဆေးမှုတွေ အားလုံး ပြီးစီးသွားပြီဖြစ်ပြီး မျက်မြင်သက်သေတွေကို ရဲတွေက ဆက်လက် စုံစမ်း မေးမြန်းနေဆဲလို့ နွန်သာဘူရီ အုပ်ချုပ်ရေးမှူး ချက်သာ မိုဆီကာရတ်က ပြောပါတယ်။ ရဲတွေက ပစ်ခတ်မှု ဖြစ်ပွားစေတဲ့ နောက်ခံ စေ့ဆော်မှု၊ အကြောင်းတရား တစ်ခုခု ရှိသလား ဆိုတာကို အဓိကထား စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

ထိုင်းအစိုးရက ကနဦး သဘောတူထားတဲ့ ကျောင်းလုံခြုံရေး အစီအမံ ၇ ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ပညာရေးဆိုင်ရာ ဌာနအသီးသီးမှာ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ၊ လုံခြုံရေးတွေ အကာအကွယ်ပေးမယ့် စင်တာတစ်ခု ဖွင့်လှစ်ဖို့

၂။ ဆက်သွယ်ရေး စနစ်တွေ၊ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး သရုပ်တူ လေ့ကျင့်မှုတွေ၊ လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ ပါဝင်မယ့် လုံခြုံရေး အစီအမံတွေ ရေးဆွဲဖို့

၃။ ကျောင်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ အကူအညီ လိုအပ်သလား ဆိုတာကို စောင့်ကြည့်မှုနဲ့ အကြံပေး ဆွေးနွေးမှုတွေ ထားရှိဖို့

၄။ ကျောင်းလုံခြုံရေး အစီအမံတွေမှာ သက်ဆိုင်ရာ အစိုးရ အေဂျင်စီတွေနဲ့ ပေါင်းစပ် ဆောင်ရွက်ဖို့

၅။ ကျောင်းပရဝုဏ်မှာ မိဘတွေ ဝင်ရောက် စောင့်ကြည့် လေ့လာနိုင်အောင် ခွင့်ပြုပေးဖို့

၆။ ကျောင်းတွင်း ပတ်ဝန်းကျင်မှာ ကောင်းမွန်နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ လူမှုအသိုက်အဝန်းမျိုး ရှိလာအောင် အားပေးဖို့

၇။ ကျောင်းတွေကို လုံခြုံရေးဇုန်တွေအဖြစ် သတ်မှတ်ပြီး ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ မိဘတွေ၊ ဝန်ထမ်းတွေအားလုံး ယူဆောင်လာတဲ့ ပစ္စည်းတွေကို ကျောင်းအဝင်ဝမှာတင် စစ်ဆေးမှု ခံယူဖို့၊ မလိုက်နာတဲ့ ကျောင်းသားတွေကို ရုံးခန်းပို့ပြီး စည်းကမ်းပိုင်းအရ အရေးယူဖို့၊ အပြင်လူတွေ ဆိုရင်တော့ ကျောင်းထဲ ဝင်ရောက်ခွင့် ပိတ်ပင်ဖို့။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

နေ့ကလေးထိန်း ကျောင်းကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အသက် ၅၄ နှစ်အရွယ် ယာဉ်မောင်းကို စွဲချက် ၅ ခုနဲ့ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီကနေ့ (ဩဂုတ် ၈) မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။