Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံတွင် မတရားအလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားများအတွက် ဘတ်ငါးသန်းကျော်ရရှိရန်ကူညီပေးနိုင်ခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထို့ကြောင့် ACC အဖွဲ့က ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စက်ရုံသို့ သွားရောက်ကူညီဖြေရှင်းရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန
ဓာတ်ပုံ - NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန

ထိုင်းနိုင်ငံတွင် မတရားအလုပ်ထုတ်ခံရသည့် အလုပ်သမားများ အကျိုးခံစားခွင့်အဖြစ် ဘတ်ငါးသန်းကျော်ရရှိအောင်ကူညီပေးနိုင်ခဲ့ကြောင်း NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၁၅) ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ မြန်မာလုပ်သား ၂၇၀ ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခံရ၍ အလုပ်သမားများမှ အကူညီတောင်းခံလာသည့်အပေါ် စက်တင်ဘာ ၁၃ ရက်တွင် ထိုင်းနိုင်ငံ တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ ဖြေရှင်းကူညီနိုင်ရေး အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း(AAC အဖွဲ့)မှ သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ACC အဖွဲ့က ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စက်ရုံသို့ သွားရောက်ကူညီဖြေရှင်းရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ သဘောတူညီမှုများတွင် အလုပ်လုပ်ထားသည့် လဝက်စာလုပ်အားခအပြင် အလုပ်သမားများအား ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ပယ်သဖြင့် ကြိုတင်အကြောင်းမကြားကြေး (၁၅)ရက်စာ၊ လုပ်ခနှင့် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများ၏ လုပ်သက်သည် ရက်ပေါင်း (၁၂၀) အထက်ဖြစ်သည့်အတွက် လုပ်သက်နစ်နာကြေး (၃၀)ရက်လုပ်ခခံစားခွင့် စုစုပေါင်း ဘတ်ငါးသန်းကျော်ကို စက်တင်ဘာ ၁၄ရက်တွင် အလုပ်သမားတစ်ဦးချင်းခံစားခွင့်အလိုက် ဘဏ်ကတ်များသို့ စက်ရုံမှ ပေးပို့ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပန်းရောင်ကတ် အထောက်အထားများရရှိရေးနှင့် စပ်လျဥ်း၍ စက်တင်ဘာ ၁၉ ရက်တွင်လည်း ကောင်း၊ ကျန်အထောက်အထား စာရွက်စာတမ်းကိစ္စများကို စက်တင်ဘာ ၂၀ ရက်တွင် လည်းကောင်း စတင်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ ပထုန်ဌာနီခရိုင် အလုပ်သမားဌာနနှင့် စက်ရုံမှချိတ်ဆက်ပေးသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သမားများအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရေး စာရွက်စာတမ်းကိစ္စများကိုပါ စက်ရုံမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးသည်။

ယခုလက်ရှိ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူအညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် တာဝန်သိစွာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် ပထုန်ဌာနီခရိုင် အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် အခက်ခဲမျိုးစုံကြားမှ ကူညီပေးသည့် ကိုရဲမင်း(AAC အဖွဲ့)အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကိုဖြေရှင်းပေးရန်နှင့် အကျိုးခံစားခွင့်များ ရရှိအောင်တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး တိုင်ကြားရေးယန္တရားများလည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။