Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းနိုင်ငံ အီလက်ထရောနစ်စက်ရုံမှ မြန်မာလုပ်သား ၃၀၀ အလုပ်ထုတ်ခံရမှုဖြစ်စဥ် NUG အလုပ်သမားဝန်ကြီးဌာန ကိုင်တွယ်ဖြေရှင်းနေ

အလုပ်ဖြုတ်နစ်နာ​ကြေး အပြည့်အဝစွာရရှိ​ရေး၊ အလုပ်​ပြောင်း​ရွေ့ခွင့် စာရွက်စာတမ်းများ၊ ပတ်စပို့စ်​နေထိုင်ခွင့် သက်တမ်းတိုးထားခြင်းကိစ္စများနှင့်ပတ်သက်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း ကိုရဲမင်းက ပြောသည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - Ye Min/FB)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - Ye Min/FB)

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေရှိ အီလက် ထရောနစ်စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃၀၀ခန့် အလုပ်မှ ထုတ်ပယ်ခံရပြီး ယင်းဖြစ်စဥ်ကို NUG အစိုးရ၊အလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပေးနေကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း(AAC)က ပြောသည်။

အဆိုပါ စက်ရုံ၌ မြန်မာလုပ်သားများအပါအဝင် လုပ်သား ၂,၀၀၀ခန့် အလုပ်လုပ်ကိုင်နေပြီး မြန်မာလုပ်သား ၃၀၀ အပါအဝင် လုပ်သား ရာနှင့်ချီ ရုတ်တရက် အလုပ်မှထုတ်ပယ်ခံရခြင်း ဖြစ်ကြောင်း ကိုရဲမင်းက People’s Springသို့ ပြောသည်။

အလုပ်ဖြုတ်နစ်နာ​ကြေး အပြည့်အဝစွာရရှိ​ရေး၊ အလုပ်​ပြောင်း​ရွေ့ခွင့် စာရွက်စာတမ်းများ၊ ပတ်စပို့စ်​နေထိုင်ခွင့် သက်တမ်းတိုးထားခြင်းကိစ္စများနှင့်ပတ်သက်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း ကိုရဲမင်းက ပြောသည်။

“NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ဖြေရှင်းပေးနေပါတယ်။ စက်ရုံက ရဲတပ်ဖွဲ့ခေါ်ထားတယ်ကြားလို့ အလုပ်သမားတွေက စိုးရိမ်မှုတွေလည်း ဖြစ်နေတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ကျော် အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှုကြောင့် နစ်နာကြေးပေးရန်ဆန္ဒပြတောင်းဆိုရာ ပြေလည်မှုမရှိ၍ ယင်းဖြစ်စဥ်ကိုလည်း NUG အစိုးရ၊အလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - Ye Min/FB)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ – Ye Min/FB)

အဆိုပါ အထည်ချုပ်အလုပ်ရုံတွင် မြန်မာလုပ်သား ၂၀၀ကျော် အလုပ်လုပ်ကိုင်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် မြန်မာလုပ်သားများအား အစားထိုးခန့်မည်ဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်းဟု ကိုရဲမင်းက ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက်ရှိ၊မရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် အေဂျင်စီအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ‌NUGက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။