Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံ အီလက်ထရောနစ်စက်ရုံမှ မြန်မာလုပ်သား ၃၀၀ အလုပ်ထုတ်ခံရမှုဖြစ်စဥ် NUG အလုပ်သမားဝန်ကြီးဌာန ကိုင်တွယ်ဖြေရှင်းနေ

အလုပ်ဖြုတ်နစ်နာ​ကြေး အပြည့်အဝစွာရရှိ​ရေး၊ အလုပ်​ပြောင်း​ရွေ့ခွင့် စာရွက်စာတမ်းများ၊ ပတ်စပို့စ်​နေထိုင်ခွင့် သက်တမ်းတိုးထားခြင်းကိစ္စများနှင့်ပတ်သက်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း ကိုရဲမင်းက ပြောသည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - Ye Min/FB)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - Ye Min/FB)

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေရှိ အီလက် ထရောနစ်စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၃၀၀ခန့် အလုပ်မှ ထုတ်ပယ်ခံရပြီး ယင်းဖြစ်စဥ်ကို NUG အစိုးရ၊အလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပေးနေကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း(AAC)က ပြောသည်။

အဆိုပါ စက်ရုံ၌ မြန်မာလုပ်သားများအပါအဝင် လုပ်သား ၂,၀၀၀ခန့် အလုပ်လုပ်ကိုင်နေပြီး မြန်မာလုပ်သား ၃၀၀ အပါအဝင် လုပ်သား ရာနှင့်ချီ ရုတ်တရက် အလုပ်မှထုတ်ပယ်ခံရခြင်း ဖြစ်ကြောင်း ကိုရဲမင်းက People’s Springသို့ ပြောသည်။

အလုပ်ဖြုတ်နစ်နာ​ကြေး အပြည့်အဝစွာရရှိ​ရေး၊ အလုပ်​ပြောင်း​ရွေ့ခွင့် စာရွက်စာတမ်းများ၊ ပတ်စပို့စ်​နေထိုင်ခွင့် သက်တမ်းတိုးထားခြင်းကိစ္စများနှင့်ပတ်သက်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း ကိုရဲမင်းက ပြောသည်။

“NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက ဖြေရှင်းပေးနေပါတယ်။ စက်ရုံက ရဲတပ်ဖွဲ့ခေါ်ထားတယ်ကြားလို့ အလုပ်သမားတွေက စိုးရိမ်မှုတွေလည်း ဖြစ်နေတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ကျော် အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှုကြောင့် နစ်နာကြေးပေးရန်ဆန္ဒပြတောင်းဆိုရာ ပြေလည်မှုမရှိ၍ ယင်းဖြစ်စဥ်ကိုလည်း NUG အစိုးရ၊အလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - Ye Min/FB)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ – Ye Min/FB)

အဆိုပါ အထည်ချုပ်အလုပ်ရုံတွင် မြန်မာလုပ်သား ၂၀၀ကျော် အလုပ်လုပ်ကိုင်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် မြန်မာလုပ်သားများအား အစားထိုးခန့်မည်ဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်းဟု ကိုရဲမင်းက ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက်ရှိ၊မရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် အေဂျင်စီအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ‌NUGက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။