Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ နယ်စပ်တလျောက် ရဲကင်း ၃၀ ကျော် အိန္ဒိယတည်ဆောက်

မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ငါးခုဟာ မြန်မာနဲ့ထိစပ်နေပါတယ်။

မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ နယ်စပ်တလျောက် ရဲကင်း ၃၀ ကျော် အိန္ဒိယတည်ဆောက်
မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ နယ်စပ်တလျောက် ရဲကင်း ၃၀ ကျော် အိန္ဒိယတည်ဆောက်

တရားမဝင် နယ်စပ်ဖြတ်ကျော်တာနဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေကိုတားဆီးဖို့ မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်ထဲမှာ နယ်စပ်တလျောက် ရဲကင်းစခန်း ၃၄ ခုကို တည်ဆောက်နေတယ်လို့ အိန္ဒိယ အစိုးရက အသိပေးပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ မိုင် ၂၅၀ ခန့် နယ်စပ်တလျောက်မှာ ရဲကင်းစခန်းတွေကို တည်ဆောက်နေတာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မဏိပူရပြည်နယ် မြို့တော် အင်ဖာမှာ ပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ငါးခုဟာ မြန်မာနဲ့ထိစပ်နေပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နယ်မြေမတည်မငြိမ်မှုတွေကြောင့် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်းက ဒေသခံတွေဟာ အိန္ဒိယဘက်ကို ဖြတ်ကျော်ခိုလှုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မဏိပူရ ပြည်နယ်မှာ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တလျောက် ၃ မိုင်ခန့်သာ နယ်စပ်ခြံစည်းရိုး ကာရံထားနိုင်တယ်လို့သိရပါတယ်။

ဒါကြောင့် မြန်မာဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေများပြားလာမှာကို စိုးရိမ်နေကြတယ်လို့ အိန္ဒိယသတင်းဌာနတွေကဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်