Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ ဆက်စပ်ပြီး အာဖရိကမှာ ကလေး ၆၀ ကျော်သေဆုံး

အအေးမိနဲ့ ချောင်းဆိုး ရောဂါတွေအတွက် ထုတ်လုပ်ထားတဲ့ အဲဒီဆေးတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ကလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေပြီး အသက်သေဆုံးတဲ့ထိ ဆိုးကျိုးတွေ ကြုံတွေ့တယ်လို့ ယုံကြည်ရကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။

အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ ဆက်စပ်ပြီး အာဖရိကမှာ ကလေး ၆၀ ကျော်သေဆုံး
အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေးရည်တွေနဲ့ ဆက်စပ်ပြီး အာဖရိကမှာ ကလေး ၆၀ ကျော်သေဆုံး

အိန္ဒိယမှာ ထုတ်လုပ်တဲ့ ချောင်းဆိုးပျောက် ဆေးရည်တချို့ဟာ အာဖရိကတိုက်မှာ ကလေး ၆၀ ကျော် သေဆုံးမှုနဲ့ ဆက်နွှယ်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

အအေးမိနဲ့ ချောင်းဆိုး ရောဂါတွေအတွက် ထုတ်လုပ်ထားတဲ့ အဲဒီဆေးတွေမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ကလေးတွေရဲ့ ကျောက်ကပ်ကို ထိခိုက်စေပြီး အသက်သေဆုံးတဲ့ထိ ဆိုးကျိုးတွေ ကြုံတွေ့တယ်လို့ ယုံကြည်ရကြောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က ပြောပါတယ်။

ဂမ်ဘီယာ နိုင်ငံမှာ ကလေး ၆၆ ဦး သေဆုံးမှုတွေဟာ အဲဒီ ဆေးဝါးနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေါက်တာ တက်ဒ်ရော့စ်က ဆိုပါတယ်။ ပြဿနာ ဖြစ်နေတဲ့ ချောင်းဆိုးပျောက်ဆေးတွေကို နယူးဒေလီ အခြေစိုက် Maiden Pharma ကုမ္ပဏီက ထုတ်လုပ်တာပါ။ လတ်တလော WHOရဲ့ စုံစမ်းမှုတွေကို အိန္ဒိယ ဆေးဝါး အရည်အသွေး ကြပ်မတ်ရေး ဌာနကပါ ပူးပေါင်း ကူညီပေးနေပါတယ်။

Maiden Pharmaကတော့ အခုကိစ္စကို ဘာမှတ်ချက်မှ မပေးသေးသလို အိန္ဒိယရဲ့ ဆေးဝါး အရည်အသွေး စိစစ်မှု ဌာနကလည်း နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။ ဂမ်ဘီယာ အစိုးရကလည်း ထုတ်ပြန်ချက် တစ်ခုခု မကြေညာသေးပါဘူး။ WHOကတော့ Maiden Pharmaရဲ့ ဆေးဝါးတွေကို စျေးကွက်ထဲကနေ လတ်တလော ပြန်သိမ်းယူထားဖို့ သက်ဆိုင်ရာ ဌာနအသီးသီးကို တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

Maiden Pharmaရဲ့ ဆေးတွေကို ဇမ်ဘီယာမှာတင် မကဘဲ နိုင်ငံတချို့ကို တရားမဝင် စျေးကွက်ကနေ တင်သွင်းတာတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ် WHOက သတိပေးချက် ထုတ်ပြန်ထားတဲ့ ဆေး ၄ မျိုးက Promethazine Oral Solution၊ Kofexmalin Baby Cough Syrup၊ Makoff Baby Cough Syrup နဲ့ Magrip N Cold Syrupတွေ ဖြစ်ပါတယ်။

ဒီဆေးတွေကို ဓာတ်ခွဲ စစ်ဆေးကြည့်တဲ့အခါ Diethylene glycolနဲ့ Ethylene glycolဓာတ်ပစ္စည်းတွေ လက်မခံနိုင်လောက်တဲ့ ပမာဏမျိုး ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ နှောင်းပိုင်းက အဲဒီဆေးတွေ အသုံးပြုတဲ့ ၅ နှစ် ကလေးတွေမှာ ပြင်းထန်တဲ့ ကျောက်ကပ် ထိခိုက် သေဆုံးမှုတွေ ကြုံတွေ့ခဲ့တာကြောင့် ဂမ်ဘီယာက ကျန်းမာရေး ဌာန တာဝန်ရှိသူတွေက WHOဆီ စတင် အစီရင်ခံခဲ့ပါတယ်။ အခုဆိုရင် ဆေးတွေနဲ့ ဆက်စပ်ပြီး သေဆုံးတဲ့ ကလေး အရေအတွက်ဟာ ၆၆ ဦးလောက်ထိ ရှိလာပြီလို့ ယူဆရကြောင်း WHOက ဆိုပါတယ်။

Maiden Pharmaက ထုတ်လုပ်တဲ့ ဆေးတွေကို အိန္ဒိယမှာ အဓိက ဖြန့်ဝေ ရောင်းချနေပြီး အာရှ၊ အာဖရိ၊ လက်တင်အမေရိက ဒေသတွင်းက နိုင်ငံတချို့ဆီလည်း တင်ပို့နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။