Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာဖမ်းတဲ့ ရဲတွေကို လက်ပစ်ဗုံးနဲ့ ခုခံခဲ့တဲ့ ဘရာဇီး နိုင်ငံရေးသမား

ဘော်လ်ဆိုနာရိုကတော့ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ကို တိုက်ရိုက် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ပေမယ့် ရဲတွေကို ကိုယ်ထိလက်ရောက် ရန်မူတဲ့သူ ဘယ်သူမဆို ဥပဒေအရ ဖမ်းဆီး အရေးယူ ခံရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

လာဖမ်းတဲ့ ရဲတွေကို လက်ပစ်ဗုံးနဲ့ ခုခံခဲ့တဲ့ ဘရာဇီး နိုင်ငံရေးသမား
လာဖမ်းတဲ့ ရဲတွေကို လက်ပစ်ဗုံးနဲ့ ခုခံခဲ့တဲ့ ဘရာဇီး နိုင်ငံရေးသမား

ဘရာဇီးက နိုင်ငံရေးသမား တစ်ဦးဟာ သူ့ကို လာရောက် ဖမ်းဆီးတဲ့ ရဲတွေကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ပြီး ခုခံခဲ့ကြောင်း သိရပါတယ်။

ရောဘတ်တို ဂျက်ဖာဆင်ဟာ လက်ယာစွန်း ဝါဒစွဲ လက်ရှိ သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုရဲ့ မဟာမိတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၂၃ ရက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက ရီယိုဒီဂျနေရိုးမြို့မှာရှိတဲ့ နေအိမ်မှာ ဂျက်ဖာဆင်ကို ဖမ်းဆီးဖို့ သွားရောက်ခဲ့ပါတယ်။

ဂျက်ဖာဆင်က ရဲတွေကို လက်ပစ်ဗုံးတွေနဲ့ တုံ့ပြန် တိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရဲတပ်ဖွဲ့က အပြင်းအထန် အင်အားသုံးတော့မယ်လို့ သတိပေးတော့မှ ဂျက်ဖာဆင်က လက်နက်ချ အဖမ်းခံခဲ့ပါတယ်။

ဂျက်ဖာဆင်ဟာ တရားသူကြီးချုပ် ကာမန် လူစီရာကို စော်ကားမော်ကား ပြုမူခဲ့ကြောင်း ဆုံးဖြတ်ပြီး သူ့ကို ဖမ်းဆီးဖို့ တရားရုံးချုပ် တရားသူကြီး တစ်ဦးက ညွှန်ကြားခဲ့ပါတယ်။ ဂျက်ဖာဆင်ဟာ ဒီကိစ္စကြောင့် နေအိမ် အကျယ်ချုပ် ချုပ်ခံထားရပြီး ဖြစ်ပေမယ့် နောက်တစ်ကြိမ် ထပ်ပြီး ပြဿနာ ရှာပြန်တာကြောင့် ရဲတွေက သူ့ကို သွားဖမ်းတာပါ။

Public Service Announcement

Public Service Announcement

ရဲတွေက နေအိမ်ထဲ ဝင်ရောက်ချိန်မှာ အသက် ၆၉ နှစ်အရွယ် ဂျက်ဖာဆန်က လက်ပစ်ဗုံးတွေနဲ့ ပြန်ပစ်ပေါက်ခဲ့ပါတယ်။ လက်ပစ်ဗုံး ပေါက်ကွဲလို့ ရဲကားတစ်စီး ပျက်စီးခဲ့သလို ရဲနှစ်ဦးလည်း ဗုံးအစအနတွေ ထိမှန် ခံခဲ့ရပါတယ်။ ရဲနှစ်ယောက်ကို ဆေးရုံ တင်ပို့ခဲ့ပေမယ့် ဒဏ်ရာ သိပ်မပြင်းတာကြောင့် နောက်တစ်နေ့မှာ ပြန်ဆင်းခွင့် ပြုလိုက်ပါတယ်။

ဂျက်ဖာဆင်ဟာ PTB နိုင်ငံရေး ပါတီရဲ့ အကြီးအကဲဟောင်းဖြစ်ပြီး တဇွတ်ထိုး လုပ်တတ်တဲ့ ညာဉ်ကြောင့်လည်း လူသိများပါတယ်။ သူဟာ ရဲတွေကို လက်ပစ်ဗုံးတွေနဲ့ ပေါက်တဲ့အပြင် ရိုင်ဖယ်သေနတ် တစ်လက်နဲ့ အချက်ရေတချို့ လှမ်းပစ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

ဘော်လ်ဆိုနာရိုကတော့ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ကို တိုက်ရိုက် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ပေမယ့် ရဲတွေကို ကိုယ်ထိလက်ရောက် ရန်မူတဲ့သူ ဘယ်သူမဆို ဥပဒေအရ ဖမ်းဆီး အရေးယူ ခံရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

Facebook