Connect with us

Hi, what are you looking for?

သတင်း

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမည်

ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့(အောက်တိုဘာ ၂၉ရက်)တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမည်
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမည်

▪️ဆရာတော်ပျံလွန်တော်မူခြင်းအပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

စစ်အာဏာရှင်ကို ပြန်သားစွာ ဆန့်ကျင်ပြီး ပြည်သူ လူထုနဲ့အတူရပ်တည်ခဲ့သည့် မြဝတီမင်းကြီးကျောင်းတိုက်၏ နာယကဆရာတော်ဘဒ္ဒန္တအရိယာဘိဝံသသည် အောက်တိုဘာ ၂၇ရက်ကပျံလွန်တော်မူခဲ့ရာ မနက်ဖြန်(အောက်တိုဘာ ၃၁ရက်)တွင် အန္တိမအဂ္ဂိဈာပန အခမ်းအနား ကျင်းပမည်ဖြစ်သည်။

ဆရာတော်သည် စစ်အာဏာရှင်ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးတွင် ပြည်သူလူထုနှင့်အတူ ရပ်တည်ခဲ့ခြင်းကြောင့် တိမ်းရှောင်နေစဉ် မြန်မာ-ထိုင်း နယ်စပ်မဲဆောက်မြို့၌ နှလုံးသွေးကြောပိတ်ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမည်
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမည်

ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနားအစီအစဉ်ကို အောက်တိုဘာ ၃၁ ရက် (တနလ်ာနေ့) မွန်းလွဲ ၃ နာရီတွင် ကျင်းပမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများနှင့် နွေဦးတော်လှန်ရေး အင်အားစုများ ပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စျာပနအခမ်းအနားအစီအစဉ်တွင် ဆရာတော်၏ ထေရုပတ္တိအား ဖတ်ကြားခြင်း ၊ ဘာသာပေါင်းစုံခေါင်းဆောင်များမှ မေတ္တာပို့ဆုတောင်းခြင်း၊ ပေးပို့လာသော သ၀ဏ်လွှာများအား ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ တပည့်၊ ဒါယကာ၊ ဒါယိကာမများက ဆရာတော်အား နောက်ဆုံး အကြိမ်ပူဇော် တောင်းပန်ခြင်း၊ ကြွရောက်လာသော ပရိတ်သတ်များက ဆရာတော်အား နောက် ဆုံး အကြိမ်ပူဇော်ဂါရဝပြုခြင်း၊ရုပ်ကလာပ် တော်အား လောင်တိုက်သို့ပင့်ဆောင်ခြင်း၊ရုပ်ကလာပ်တော်အား မီးပူဇော်ခြင်းတို့ ပါဝင်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော်(၇၁)နှစ်၊ သိက္ခာတော် (၅၁)ဝါ ရှိပြီဖြစ်သည်။

ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယမန်နေ့(အောက်တိုဘာ ၂၉ရက်)တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမည်
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမည်

ဆရာတော်အရှင်သူမြတ် မြင့်မြတ်သောဘုံဘဝသို့ရောက်ရှိပါစေကြောင်း လေးလေးနက်နက် ဆုမွန်တောင်းအပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဆရာတော်အရှင်မြတ်ရဲ့ လမ်းညွှန်းဆုံးမမှုများ၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို လေးစားဦးညွတ်ကြောင်း ဖော်ပြထားသည်။

“ဆရာတော်အရှင်သူမြတ်သည် သက်တော်ထင်ရှားရှိနေစဉ်ကာလအတွင်း ရဟန်းတို့၏ အလုပ်ဖြစ်သော ပဋိယတ္တိ၊ ပဋိပတ္တိအလုပ်များကို သာသနာတော်အတွက် စွမ်းစွမ်းတမံဆောင်ရွက် ခဲ့သည့်အပြင် မြန်မာနိုင်ငံအတွင်း အာဏာရှင်အဆက်ဆက်ကို ပြတ်သားစွာ ဆန့်ကျင်လျက် ပြည်သူလူထုနှင့်အတူ ဖြောင့်မတ်စွာရပ် တည် တော်မူရင်း မြတ်ဗုဒ္ဓ၏ အဆုံးအမများကို အကြောင်းနှင့်အကျိုးကောင်းစွာသုံးသပ်ဆင် ခြင်၍ နည်းလမ်းကျစွာ လမ်းညွှန်ပြသတော်မူခဲ့သည့် ပုဂ္ဂိုလ်တဦးဖြစ်သည့်အတွက် သာသနာတော်အတွက်သာမက အမှန်တရားကို လေးစားမြတ်နိုးကြသူများအတွက်၊ နိုင်ငံတော်အတွက်၊ နွေဦးတော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပါကြောင်း အလေးအနက် မှတ်တမ်းတင်အပ်ပါသည်”ဟု သဝဏ်လွှာ၌ ပါရှသည်။

မြဝတီမင်းကြီးဆရာတော်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခံခဲ့ရပြီး (၆)လတာ လူဝတ် လဲ၍ ချုပ်နှောင်ခံခဲ့ရသည်။ ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ပြည်သူများနှင့်အတူ အမှန်တရားဘက်၌ ရဲရဲဝံ့ဝံ့ဆက်လက် ရပ်တည်ခြင်းကြောင့် ပြည်တွင်း၌ ဆက်လက် သတင်းသုံးနိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တိမ်းရှောင်နေစဉ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ တပ်ချုပ် ရာထူးအပြောင်းအလဲဖြစ်ချိန်မှာပဲ ကရင်ပြည်နယ် ၊ ထိုင်း - မြန်မာ န​ယ်စပ်အနီးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လာတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေမှာ မြို့နယ်အသစ်တခု ထပ်မံဖွဲ့စည်းလိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အမည်ကိုရာမတီးမြို့နယ်လို့ အမည်ပေးထားကြောင်း ထုတ်ပြန်ပါတယ်။