Connect with us

Hi, what are you looking for?

သတင်း

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ပျံလွန်တော်မူ

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တစ်ရက် ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅က ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ပျံလွန်တော်မူ
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသ ပျံလွန်တော်မူ

စစ်တပ်ကိုဝေဖန်၍ တရားစွဲဆိုဖမ်းဆီးထောင်ချခြင်းများခံခဲ့ရသည့် မန္တလေးမြို့မှ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသသည် ယမန်နေ့ညက ပျံလွန်တော်မူခဲ့သည်။

ဆရာတော်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဆေးကုသမှုခံယူရင်း ယမန်နေ့ (အောက်တိုဘာ၂၇ ရက်) ဒေသစံတော်ချိန် ည၁၀ နာရီခန့်က ပျံလွန် တော်မူခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သည့် သာသနာရေးအသိုင်းအဝိုင်းက ပြောသည်။

“နှလုံးသွေးကြောပိတ်တာ ဆေးကုသမှု ခံယူရင်း ပျံလွန်တော်မူသွားတာပါ။”ဟု အရှင်ကောဝိဒ(ရွှေအုန်းပင်)ဆရာတော်က မိန့်ကြားသည်။

ဆရာတော်သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ခဲ့သည့် ဆရာတော်တစ်ပါးဖြစ်ပြီး အမျိုးသားရေးနှင့် မဘသ ဆရာတော်များကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သည်။

Public Service Announcement

Public Service Announcement

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသသည် ၂၀၁၉ စက်တင်ဘာက စစ်ကောင်စီနှင့် မဘသကို ဝေဖန်၍ ပုဒ်မ၅၀၀ ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တစ်ရက် ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅က ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ထို့နောက် ၆ လအကြာ ၂၀၂၁ ဩဂုတ်၂ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

လွတ်​မြောက်လာပြီးနောက်ပိုင်း၌လည်း အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် စစ်အုပ်စုနှင့် ပုလဲနံပသင့်သည့် ဆရာတော်သံဃာတော်များကိုပါ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် ဆရာတော်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ခမရ(၅၅၆)တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ၊BGF ဗိုလ်မုတ်သုန်အဖွဲ့က တပ်ခွဲမှူး ၁ဦး နဲ့ DKBAဗိုလ်ဘိခွဲထွက်ကတပ်ဖွဲ့ဝင်​တွေအပါအဝင်စစ်​ကြောင်းတစ်ခုလုံး​နီးပါးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးဖမ်းမိ