Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်မြို့ မြဝတီမြို့မှာပေါ်တာဆွဲနေ

ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

မြဝတီမြို့တွင်းမြင်ကွင်း (ပုံဟောင်း) ဓာတ်ပုံ - ဝီကီ

အောက်တိုဘာ – ၅ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကရင်ပြည်နယ် ၊ မြဝတီမြို့မှာပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကစတင်ပြီးအာဏာသိမ်းစစ်တပ်နဲ့ လက်ဝေခံ ပြည် သူ့စစ်အဖွဲ့ကနေ့ခင်းကြောင်တောင်ပေါ်တာဆွဲသလို ညပိုင်းတွေမှာလည်း ကားတွေနဲ့ ပတ်ပြီး ပေါ်တာဆွဲနေတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

မြဝတီမြို့ မှာ လူလတ်ပိုင်းအရွယ်တွေ အဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးတာတွေ ခပ်စိပ်စိပ် ရှိလာပြီး မြို့တွင်းမှာဆိုရင် ည ၇ နာရီအချိန်လောက်ကစတင်ကာ လူအသွားအလာ ကြဲသွားပြီး ခြောက်ကပ်သွားတယ်လို့ မြို့ခံတစ်ဦးပြောပါတယ်။

“၈ နာရီ(ည) လောက်ဆိုရင် လမ်းပေါ်မှာ ဘယ်သူမှမရှိတော့ဘူး” လို့ သူကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲခံရသူအများစုဟာ မြဝတီမြို့ခံတွေမဟုတ်ဘဲ တနယ်တကျေးကနေ လာရောက်လုပ်ကိုင်ကြသူတွေဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်မှာ လူငယ်နှစ်ဦး ကို အရပ်ဝတ်တွေက ပေါ်တာဆွဲသွားတယ်လို့ အခြားသော မြဝတီမြို့ခံ တစ်ဦးကပြောပါတယ်။

“ကျူးကျော်လိုမျိုးနေရာပေါ့၊ အရပ်ဝတ်နဲ့ပဲ ဝင်ဖမ်းသွားတာ၊ ဘယ်မှာမှတိုင်လို့မရဘူး” လို့ အဲဒီမြို့ခံက ဆိုပါတယ်။

ပေါ်တာဆွဲတာကိုစစ်တပ် ၊ ရဲ ၊ ပြည်သူ့စစ် နဲ့ အမျိုးသားရေးအမည်ခံ အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်တာလို့လည်း အဲဒီမြို့ခံက အသိပေးပါတယ်။

အထူးသဖြင့် အခြေခံလူတန်းစားတွေနဲ့ အလုပ်သမားတွေ အများအပြားနေထိုင်ကြတဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထားပြီး ပေါ်တာဆွဲတာလို့ သိရပါတယ်။

ပေါ်တာဆွဲထားတဲ့သူတွေကိုမြဝတီမြို့က စစ်တပ် တပ်ရင်းမှာ ထားရှိထားပြီး အရေအတွက် ဆယ်ဂဏန်းရှိတယ်လို့ စစ်တပ်နဲ့အဆက် အသွယ်ရှိတဲ့ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ သတင်းရင်းမြစ်က ပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိသဲဖြူချောင်းရွာဝန်းကျင်မှာထိုးစစ်ဆင်လာနေတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ လက်ရှိအောက်တိုဘာလဆန်းပိုင်းမှာတိုက်ပွဲတွေပြန် လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

စစ်ကိုင်းတံတားမှာ မီနီအိုးဝေသမားတစ်ဦး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီး အိုးဝေကိုပါ သိမ်းဆည်းခံလိုက်ရကြောင်း စစ်ကိုင်းဒေသခံအချို့က ပြောပါတယ်။

Trending

Facebook