Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိပြီး လူခုနစ်ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

“အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး သေဆုံးတယ်။၁၄ဦးဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ် နေသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်တောင်နေစဉ်၊ ဓာတ်ပုံ - CJ
ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်တောင်နေစဉ်၊ ဓာတ်ပုံ - CJ

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိပြီး ခရီးသည်ခုနစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း လူမှုကယ် ဆယ်ရေးအဖွဲ့များက ပြောသည်။

ခရီးသည်များတင်ဆောင်လာသော အန်စာတုံးယာဉ်နှစ်စီးသည် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းသီးခြံအဆင်းနေရာတွင် ယနေ့(အောက်တိုဘာ ၃၀ရက်)ညနေ ၃နာရီ ၄၀မိနစ်ခန့်က တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်တောင်နေစဉ်၊ ဓာတ်ပုံ - CJ
ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးလုပ်တောင်နေစဉ်၊ ဓာတ်ပုံ – CJ

“အမျိုးသားသုံးဦး၊ အမျိုးသမီးလေးဦး သေဆုံးတယ်။၁၄ဦးဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ် နေသူတစ်ဦးက ပြောသည်။

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းသီးခြံအဆင်းနေရာသည် ယာဉ်တိုက်မှုမကြာခဏဖြစ်တက်သည့်နေရာ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၅ရက်ကလည်း မော်လမြိုင်မြို့မှ”ပွင့်နေခြည်” ဇာတ်အဖွဲ့ယာဉ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ကွမ်းသီးခြံအဆင်းနေရာတွင် တိမ်းမှောက်ခဲ့ပြီး လူအချို့သေဆုံးဒဏ် ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။