Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးတင်းမာလာ၍ ကလေး-တမူး အာရှလမ်းမကြီးကို သတိပြုသွားရန် PDFတမူး သတိပေး

သတိပေးချက်များကို မလိုက်နာပါက ဖြစ်လာသည့်အကျိုးဆက်များကို တာဝန်ယူဖြေရှင်းပေးမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တမူး ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တပ်ရင်း ၃ မှ တပ်ဖွဲ့ ဝင်များ လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်

တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ကလေး-တမူး အာရှလမ်းမကြီးကို အထူးသတိပြုသွားလာကြရန် တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF-တမူး )တပ်ရင်း-၃ က ယနေ့ထုတ်ပြန်သတိ​ပေးသည်။

ထိုအပြင် စစ်ကောင်စီလက်ပါးစေ မည့်သည့်အဖွဲ့အစည်းများနှင့်မဆို အနီးကပ်နေထိုင်သွားလာခြင်းမပြုရန်လည်း PDF-တမူးက မေတ္တာရပ်ခံထားသည်။

သတိပေးချက်များကို မလိုက်နာပါက ဖြစ်လာသည့်အကျိုးဆက်များကို တာဝန်ယူဖြေရှင်းပေးမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တမူး ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တပ်ရင်း ၃ မှ တပ်ဖွဲ့ ဝင်များ လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်
တမူး ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တပ်ရင်း ၃ မှ တပ်ဖွဲ့ ဝင်များ လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်

“လပ်တလော စစ်ရေးအခြေအနေတင်းမာမှုများကြောင့်ထုတ်ပြန်ထားတာဖြစ်ပါတယ်ဗျ”ဟု PDF-တမူးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိတွင်စစ်ကောင်စီတပ် နှင့်ပျူစောထီးများသည်အင်အားအလုံးအရင်းဖြင့်ကျေးရွာများတွင်ဝင်ရောက်တပ်စွဲထားပြီး ဒေသခံကာကွယ်ရေးတပ်စခန်းများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့်အနေအထားဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

“တပ်စွဲထားတဲ့ရွာမှာရှိတဲ့ နေအိမ်များကိုလည်း ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူနေကြောင်းလည်းကြားရပါတယ်ဗျ”ဟု အထက်ပါPDFက​ပြောသည်။

PDF-တမူးတပ်ရင်း( ၃) သည် ဇွန်လ ၂၇ ရက်တွင်လည်းတမူးမှကလေးမြို့သို့ပြန်လာသောအင်အား၁၀၀ ခန့်ရှိစစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။