Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာလာ၍ ကလေး-တမူး အာရှလမ်းမကြီးကို သတိပြုသွားရန် PDFတမူး သတိပေး

သတိပေးချက်များကို မလိုက်နာပါက ဖြစ်လာသည့်အကျိုးဆက်များကို တာဝန်ယူဖြေရှင်းပေးမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တမူး ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တပ်ရင်း ၃ မှ တပ်ဖွဲ့ ဝင်များ လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်

တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ကလေး-တမူး အာရှလမ်းမကြီးကို အထူးသတိပြုသွားလာကြရန် တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF-တမူး )တပ်ရင်း-၃ က ယနေ့ထုတ်ပြန်သတိ​ပေးသည်။

ထိုအပြင် စစ်ကောင်စီလက်ပါးစေ မည့်သည့်အဖွဲ့အစည်းများနှင့်မဆို အနီးကပ်နေထိုင်သွားလာခြင်းမပြုရန်လည်း PDF-တမူးက မေတ္တာရပ်ခံထားသည်။

သတိပေးချက်များကို မလိုက်နာပါက ဖြစ်လာသည့်အကျိုးဆက်များကို တာဝန်ယူဖြေရှင်းပေးမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တမူး ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တပ်ရင်း ၃ မှ တပ်ဖွဲ့ ဝင်များ လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်
တမူး ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် တပ်ရင်း ၃ မှ တပ်ဖွဲ့ ဝင်များ လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်

“လပ်တလော စစ်ရေးအခြေအနေတင်းမာမှုများကြောင့်ထုတ်ပြန်ထားတာဖြစ်ပါတယ်ဗျ”ဟု PDF-တမူးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိတွင်စစ်ကောင်စီတပ် နှင့်ပျူစောထီးများသည်အင်အားအလုံးအရင်းဖြင့်ကျေးရွာများတွင်ဝင်ရောက်တပ်စွဲထားပြီး ဒေသခံကာကွယ်ရေးတပ်စခန်းများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့်အနေအထားဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

“တပ်စွဲထားတဲ့ရွာမှာရှိတဲ့ နေအိမ်များကိုလည်း ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူနေကြောင်းလည်းကြားရပါတယ်ဗျ”ဟု အထက်ပါPDFက​ပြောသည်။

PDF-တမူးတပ်ရင်း( ၃) သည် ဇွန်လ ၂၇ ရက်တွင်လည်းတမူးမှကလေးမြို့သို့ပြန်လာသောအင်အား၁၀၀ ခန့်ရှိစစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။