အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုဖက်သို့ စက်တင်ဘာ၁ ရက်ကပြီး ယနေ့အထိ သုံးရက်တိုင်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာထိုးစစ်ဆင်လျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။
စက်တင်ဘာ ၂ရက်တွင် နံနက်၇နာရီကစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ယနေ့(စက်တင်ဘာ ၃ရက်)တွင်လည်း နံနက်၉နာရီကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်တနေကုန်းနီးပါး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၀ဉီးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
စက်တင်ဘာ၁ရက်ကစတင်ဖြစ်ပွားသော တိုက်ပွဲများတွင် အင်အား ၃၀၀ ခန့်၊ ယနေ့တွင် အင်အား ၅၀၀ ကျော်ဖြင့် စစ်အင်အားဖြည့်တင်းလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF နှင့် ဖယ်ခုံ PDF တို့မှ အပြင်းအထန်းခုခံတိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

Public Service Announcement


















































