Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ် ဆင်အင်းရွာရဲစခန်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

ဗုံးသီးချတိုက်ခိုက်ပြီးချိန်တွင် စစ်အုပ်စုသည် လက်နယ်ငယ်များနှင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု NTGအဖွဲ့ တာဝန်ခံက ဆိုသည်။

ရွှေဘိုနယ် ဆင်အင်းရွာရဲစခန်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
ရွှေဘိုနယ် ဆင်အင်းရွာရဲစခန်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆင်အင်းကျေးရွာရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး နှစ်ဦးသေဆုံးကြောင်း Northern Tigers Group (NTG)အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ၂၀ ရက်)ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ဆင်အင်းကျေးရွာရဲစခန်းအား ဗုံးသီး (၈)လုံးချ၍တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့်ပျူ နှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း NTGအဖွဲ့ တာဝန်ခံက ပြောသည်။

“၃လုံး ဆက်တိုက်။ နောက် ၃လုံးက ၄မိနစ်ကြာ ဆက်တိုက် ပစ်ချတိုက်ခိုက်ခဲ့တာပါ။”ဟု NTG အဖွဲ့ တာဝန်ခံက ပြောသည်။

ဗုံးသီးချတိုက်ခိုက်ပြီးချိန်တွင် စစ်အုပ်စုသည် လက်နယ်ငယ်များနှင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု NTGအဖွဲ့ တာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဗုံးသီးချအပြီးနှင့် မဟာမိတ်များပြန်လည်ဆုတ် ခွာခဲ့ပြီးနောက် စစ်သားနှင့်ပျူများသည် ကျေးရွာအတွင်းရှိ ပြည်သူများ၏ အိမ်များအတွင်းဝင်ပြီး ဖုန်းများကိုစစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

အလားတူ နိုဝင်ဘာ၁၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊စိုက်ပျိုးရေးသိပ္ပံမှ ထွက်လာသောစစ်ကောင်စီတ​ပ်နှင့်ပျူများအား ညောင်ပင်သာကျေးရွာ၊လမ်းဘေးတောဂိုထောင်တွင် ကင်းပုန်းဝပ်နေစဉ် ဗုံးသီး၅လုံးချ၍တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိကြောင်း NTGအဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးများကို Northern Tigers Group (NTG) အဖွဲ့နှင့် အတူ D.U.G.F(KU Dragon)၊Fire Dragon (Khin-U)၊Wolf Guerrilla (Ye-U)၊Burmese Revolution Youth (BRY)မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့တွင် ခင်ဦးနယ်တောင်ခြမ်းရောက်နေသော စစ်ကြောင်းသည် ရွှေဘိုနယ် လိပ်ရကုန်းရွာ ဒေသခံ လေးဦးအား သတ်ဖြတ်၍နေအိမ် ၁၅အိမ် မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

နိုဝင်ဘာ ၁၇ ရက်ကလည်း NTGနှင့် မဟာမိတ်အဖွဲ့များသည် ရေဦးမြို့နယ်၊ ရွှေယမင်း‌ရွာတွင် ခေတ္တစခန်းချနေသည့် စစ်ကောင်စီတပ်အား ဗုံးသီး လေးလုံးချ၍ တိုက်ခိုက်ခဲ့ရာ လေးဦးဒဏ်ရာရသွားကြောင်း NTGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။