Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် ကော့ရွာရှိ စစ်ကောင်စီတပ်ကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်

မိုင်းပေါက်ကွဲမှုကြောင့် စခန်းအတွင်းရှိ စစ်အုပ်စုက ဆက်တိုက်ပစ်ခတ်ပြီး ရှေ့တက်လာခဲ့ရာ မိုင်းကွင်းအတွင်း ရောက်လာ၍ အဝေးထိန်းမိုင်းသုံးလုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွှေဘိုမြို့နယ် ကော့ရွာရှိ စစ်ကောင်စီတပ်ကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်
ရွှေဘိုမြို့နယ် ကော့ရွာရှိ စစ်ကောင်စီတပ်ကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်အုပ်စုနှင့်ပျူစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ထွက်လာသည့် စစ်ကောင်စီတပ်သားကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နေလစင်္ကြာ-Shwebo PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ ​(နိုဝင်ဘာလ ၁၈ ရက်) နံနက် ၃နာရီခန့်က ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းအနီးထောင်ထားသော တိုက်မိုင်းသုံးလုံးကို ဖောက်ခွဲခဲ့ကြောင်း နေလစင်္ကြာ-Shwebo PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် စခန်းအတွင်းရှိ စစ်အုပ်စုက ဆက်တိုက်ပစ်ခတ်ပြီး ရှေ့တက်လာခဲ့ရာ မိုင်းကွင်းအတွင်း ရောက်လာ၍ အဝေးထိန်းမိုင်းသုံးလုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်နှင့်ပျူ သုံးဦး သေဆုံးပြီး ကျန် ၁၀ဦးခန့်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“၄၀၊၆၀တွေ ပစ်တုန်းကတော့ အမိုးတွေပျက်စီးသွားတာတော့ရှိပါတယ်။ ကော့ရွာက စစ်တပ်နဲ့ပျူတွေက အနီးနားက ရွာတွေကိုမွှေတယ်။ ပစ္စည်းတွေယူတယ်။ ရွာတောင်ဘက် ပေလမ်းပေါ်တခါတရံတတ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေစစ်ပြီးငွေညှစ်တတ်တယ်ဗျ။ အဲ့ရွာခံတစ်ချို့နဲ့ အနီးအနားရွာကတချို့တွေ ရှောင်တိမ်းနေရတဲ့သူတွေလည်းရှိတယ်ဗျ။”ဟု နေလစင်္ကြာ-Shwebo PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများကို နေလစင်္ကြာ-Shwebo PDF၊ Ghost Rider Special Task Force(Burma)နှင့် Shwebo Wetlet Special Task Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။