Connect with us

Hi, what are you looking for?

News

အရာတော်မြို့နယ်တွင်စစ်သားနှင့်ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံရန်၊ အုပ်ချုပ်ရေးမှူးများအမြန် နှုတ်ထွက်ရန် ကြေညာ

ထို့အပြင် နိုင်ငံတော်အရေးပေါ်အခြေအနေကာလအတွင်း ကုန်ပစ္စည်းများအား စျေးနူန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံရန်နှင့် မြို့ပေါ်ကျေးရွာ အုပ်ချုပ်ရေးမှုးများ အမြန်ဆုံးနူတ်ထွက်ထားရန် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ ယနေ့စက်တင်ဘာလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေအဖြစ် ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း၊ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း ကြားကာလအုပ်ချုပ်ရေးအစီအစဥ်များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊

ပြည်သူ့ဘက်မှရပ်တည်လိုသော ပြည်သူ့တပ်မတော်သား ပြည်သူ့ရဲများအနေဖြင့် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အမြန်ဆုံးဆက်သွယ်ကာ ပြည်သူနှင့်အတူ အမြန်ဆုံး ပူးပေါင်းရန်၊ စစ်ကောင်စီလက်အောက်တွင် အမှုထမ်းလျက်ရှိသော မြို့ပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးများ အလုပ်မှအမြန်ဆုံးနူတ်ထွက်ရန် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာသည်။

ထို့အပြင် နိုင်ငံတော်အရေးပေါ်အခြေအနေကာလအတွင်း ကုန်ပစ္စည်းများအား စျေးနူန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်သူ မြို့နယ်သားများအနေဖြင့် စျေးရောင်းချသူများသည် အရေးပေါ်အခြေအနေတွင် စျေးနူန်းမြှင့်တင်ရောင်းချခြင်းကို လုံးဝမပြုလုပ်ရန်နှင့် ပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများအတွက် တာဝန်မယူကြောင်း၊ ပြည်သူလူထုအနေဖြင့် အချင်းချင်း ဖေးမကူညီကာ ခက်ခဲသောကာလကို အတူတကွဖြတ်ကျော်သွားရန် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော