အောက်တိုဘာ-၃ ၊၂၀၂၆။ဇော်၀င်း /People’s Spring
မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
တပ်ကြပ် မြတ်သူနဲ့ စစ်မှုထမ်းတပ်သားသစ် ဖြိုးထက်လင်းတို့ ၂ဦးဟာ သေနတ် ၂လက်နဲ့ ကျည် တချို့ယူဆောင်လာတယ်လို့ ဆိုပါတယ်။
“ပေါ်တာဆွဲခံရတဲ့သူတွေ ။အသေးစိတ်ကိုတော့ လောလောဆယ် စစ်ဆေးမေးမြန်းဆဲ”လို့ အထက်ပါတာ၀န်ရှိသူက အလင်း၀င်လာသူတွေနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

Public Service Announcement
အလင်း၀င်လာတဲ့ တပ်သား ၂ဦးကို ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဆုငွေ ကျပ်သိန်း ၅၀စီ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ အသိပေးပါတယ်။
ခလရ(၅၀)တပ်ရင်းဟာ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးတာ နဲ့ လက်နက်ကြီးတွေနဲ့ အထိုင်ချကာ မကြာခဏ ပစ်ခတ်မှုတွေ လုပ်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ဆိုပါတယ်။
ဒါ့အပြင် အဲဒီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာသူ တွေရှိပြီး ဒေသတွင်းတော်လှန်ရေးတပ်တွေထံ ခိုလှုံထားတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ထံကနေ အလင်းဝင်လာသူတွေကို ကူညီနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၆ ဇန်နဝါရီကနေ သြဂုတ်အထိ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်းစာရင်းတွေအရ ၁၂၄၄ ဦးရှိပါတယ်။



















































