Connect with us

Hi, what are you looking for?

သတင်း

NUCC နှင့် NUGတို့ နှစ်သစ်ကူး ပူးတွဲထုတ်ပြန် ကြေညာချက် ထုတ်ပြန်မည်

ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့သည်ဟု သိရသည်။

NUCC နှင့် NUGတို့ နှစ်သစ်ကူး ပူးတွဲထုတ်ပြန် ကြေညာချက် ထုတ်ပြန်မည်
NUCC နှင့် NUGတို့ နှစ်သစ်ကူး ပူးတွဲထုတ်ပြန် ကြေညာချက် ထုတ်ပြန်မည်

ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်မည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ယနေ့ သဘောတူဆုံးဖြတ်သည်။

နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေးအတွက် NUCC နှင့် NUG တို့ ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများနှင့် NUCC အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကောင်စီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ရေးအတွက် သဘောတူညီခဲ့ကြပြီးအခြားသော မဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ရန်အတွက် ဖိတ်ခေါ်ရေးကိစ္စကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ဖော်ပြသည်။

ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို