Connect with us

Hi, what are you looking for?

သတင်း

NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များက နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး
NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး

▪️ထိရောက်သော အကူအညီများပေးရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု နော်ဝေ ကတိပြု

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို သံတမန်ရေးရာ အဆင့်မြှင့်တင် အသိအမှတ်ပြုရေးအတွက် နော်ဝေပါလီမန်အမတ်များနှင့် CRPH၊ NUCC၊ NUG တာ၀န်ရှိသူများအကြား ယနေ့ ဆွေးနွေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များက နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး
NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး

ယင်းသို့တွေ့ဆုံစဥ် နော်ဝေအနေဖြင့် NUG ကို သံတမန်ရေးရာအဆင့်မြှင့်တင် ဆက်ဆံမှုပြုရေးအပါအဝင် CRPH၊ NUCC၊ NUGတို့၏ ဆောင်ရွက်နေမှုများ၊ NUG နှင့် နော်ဝေအစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ နော်ဝေပါလီမန် က အထောက်အကူပြုနိုင်မည့် နည်းလမ်းများ၊ ICC၊ ICJ နှင့် နိုင်ငံအချို့တွင် စစ်ကောင်စီအား တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေမှုများ၊ NUG ၏ သံတမန်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည့် စိန်ခေါ်မှုများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဖော်ပြသည်။

နော်ဝေသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီကြိုးပမ်းမှုကို အမြဲမပြတ် အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရှင်သန်ရေးနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အားပေးထောက်ခံကူညီမှုများလုပ်ဆောင်ရန် အမြဲမပြတ် ပြင်ဆင်လျက် ရှိကြောင်းတို့ကို ပါလီမန်အမတ်များက ပြောသည်။

Public Service Announcement

Public Service Announcement

NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး
NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး

ထို့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုအကူအညီများ၊ နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အားပေးထောက်ခံမှုအစီအစဉ်များကို နော်ဝေလွှတ်တော်မှ တင်ပြပြီး ထိရောက်သော အကူအညီများပေးနိုင်ရေး စီမံချက်တစ်ခု တိတိကျကျ ပေါ်ထွန်းလာရေး ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်းကို ကတိပြုခဲ့ကြောင်း NUG လူ့အခွင့် အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီနှင့် ချုပ်ဆိုထားသော စာချုပ်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

သတင်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် CDM အောင်မြင်ရေး ကော်မတီက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃ ဦး ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁ရက်) သတင်းထုတ်ပြန်သည်။

Facebook