Connect with us

Hi, what are you looking for?

သတင်း

CNFဌာနချုပ် ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှု လူထိခိုက်ကျဆုံးမှုမရှိ

ယမန်နေ့ညနေက CNFဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသတွင်းကျေးရွာများမှ လူနာများအားလက်ခံကုသပေးနေသည့် ပြင်ပလူနာဆောင်အပါအဝင် လူနေအိမ် အချို့ထိခိုက်ပျက် စီးခဲ့ကြောင်း Chinland Information Center က သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ကလေ​ကြောင်းမှ ဇန်နဝါရီ ၁၁ရက်တွင်တိုက်ခိုက်မှု​ကြောင့် CNF/CNA ၏ ပြင်ပလူနာ​ဆောင်အ​ဆောက်အအုံပျက်စီး​နေမှု ။ဓါတ်ပုံ-Chinland information Center)
(စစ်​ကောင်စီတပ်ကလေ​ကြောင်းမှ ဇန်နဝါရီ ၁၁ရက်တွင်တိုက်ခိုက်မှု​ကြောင့် CNF/CNA ၏ ပြင်ပလူနာ​ဆောင်အ​ဆောက်အအုံပျက်စီး​နေမှု ။ဓါတ်ပုံ-Chinland information Center)

▪️ဒေသခံများ ဆေးကုသပေးနေသည့် ပြင်ပလူနာဆောင် နှင့် နေအိမ်အချို့ထိခိုက်ပျက်စီး

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီတပ် က ဇန်နဝါရီ ၁၁ရက် ညနေပိုင်း၌လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ လူထိခိုက်ကျဆုံးမှုမရှိကြောင်း CNA ဌာနချုပ် နယ်မြေရှိ ချင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၀ရက်ညနေပိုင်းက စစ်ကောင်စီက ထန်တလန်မြို့နယ်ရှိ CNF ဌာနချုပ်ကို ပထမအကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA ရဲဘော် ၅ဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအပြီး ၂၄နာရီခန့် အကြာတွင် စစ်ကောင်စီက ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲတိုက်ခိုက် လာခြင်းဖြစ်သည်။

“ဒီလို ဆက်တိုက် လာပစ်တယ်ဆိုတာ ကျွန်တော် တို့ကို ချင်းတော်လှန်ရေးသမားတွေကို အပြောင်ရှင်းပစ်ချင်တဲ့ အနေအထားဗျ။ ချင်းပြည် နေရာအနှံ့မှာ လေကြောင်းနဲ့ ပစ်လာတာ။ အိမ်မီးရှို့တာ ၊ မုဒိမ်းကျင့်တာ ၊ မတရားဖမ်းဆီးထောင်ချတာ၊ တွေ့ကရလူ သတ်ပစ်တာစသဖြင့် ရက်စက်ယုတ်မာမှုပေါင်းစုံကို စစ်ကောင်စီကပြုလုပ်တယ် ။ဒီလုပ်ရပ်တွေဟာ ချင်းလူမျိုးတွေကို လူမျိုးသုဉ်းအောင် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာပဲ။ သူကအဲလိုလုပ်လေလေ ကျနော်တို့က အင်အားပိုကြီးလေလေပဲဖြစ်မှာ။ မြန်မာနိုင်ငံမှာ အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ အဖွဲ့တိုင်းဟာ အင်အားပိုပိုကြီးလာတာပဲရှိတာ အရင်ကသာဓကတွေ အများကြီးရှိပြီးသားပါ”ဟု ချင်းတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ညနေက CNFဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသတွင်းကျေးရွာများမှ လူနာများအားလက်ခံကုသပေးနေသည့် ပြင်ပလူနာဆောင်အပါအဝင် လူနေအိမ် အချို့ထိခိုက်ပျက် စီးခဲ့ကြောင်း Chinland Information Center က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု လုပ်ရပ်အပေါ် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က အပြင်းအထန် ကန့်ကွက်ရှုတ်ချထားသကဲ့သို့ စစ်ကောင်စီတပ် ကို ဆက်လက် တော်လှန်ခုခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ အလားတူ ချင်းကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကာ ယင်းလုပ်ရပ်က ချင်းလူမျိုးများ၏ တော်လှန်ရေး စိတ်အားထက်သန်မှုကို ပိုမိုခိုင်မာစေမည်ဟု အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း