Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး​ဒေသကို CDF(ဟားခါး)နှင့် CNF/CNAတိူ့ပူး​ပေါင်း၍ မဏ္ဠိုင်သုံးရပ်ကိုတာဝန်ယူသွားမည်ဟုထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဟားခါးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအတွက် ဟားခါးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို CDF-ဟားခါးကောင်စီအဖြစ်စုစည်းရန် မေ ၁ ရက် ကသဘောတူခဲ့ပြီးဖြစ်သည်ဟုလည်းပါရှိသည်။

ဟားခါး
ဟားခါး

ချင်းပြည်နယ်၊ ဟားခါးဒေသကိုCDF(ဟားခါး) ကောင်စီသည် ချင်းအမျိုးသားတပ်ဦး (CNF/A)ဖြင့် ပူးပေါင်း၍ ကာကွယ်ရေး၊လုံခြုံရေး၊ ဥပဒေပြု၊ အုပ်ချုပ်ရေးနှင့် တရားစီချင်တို့ကို တာဝန်ယူဆောင်ရွက်သွားမည်ဟုCDF(ဟားခါး)ကောင်စီက မေ ၃၁ ရက်က ထုတ်ပြန်သည်။

ဟားခါးမြို့နယ်အတွင်းရှိ MiE (မိုင်) ဒေသ၊ Senthang (ဆန်တောင်) ဒေသ၊ Zokhua (ဇိုခွား) ဒေသနှင့် Hakha (ဟားခါး) မြို့ပေါ်ဒေသလေးခုအတွက် CDF(ဟားခါး) ကောင်စီကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး CDF(ဟားခါး)သည်သာ ထိုဒေသများအတွင် တော်လှန်ရေးကာလအတွင်း တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

CDF ဟားခါး၏ ထုတ်ပြန်ချက်
CDF ဟားခါး၏ ထုတ်ပြန်ချက်

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဟားခါးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအတွက် ဟားခါးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို CDF-ဟားခါးကောင်စီအဖြစ်စုစည်းရန် မေ ၁ ရက် ကသဘောတူခဲ့ပြီးဖြစ်သည်ဟုလည်းပါရှိသည်။

“ပြည်သူအုပ်ချုပ်ရေးဆိုတာစစ်တပ်နဲ့လက်နက်ကိုင်ကပြည်သူတွေအုပ်ချုပ်ရေးအောက်မှာပဲရှိရမှာ။အခုကလက်နက်ကိုင်က အာဏာ၃ခုလုံးကို ယူမယ်ဆိုတာ စစ်အုပ်ချုပ်ရေး ပုံစံမို့လို ဒီမိုကရေစီနဲ့ အတော်လွဲနေပါတယ်”ဟု ပြည်ပရောက်ဟားခါးဒေသခံတစ်ဦးကပြောသည်။ အုတ်ချုပ်​ရေး၊ဥပ​ဒေပြု​ရေး ၊တရားစီရင်​ရေးတို့တွင်သင့်​တော်​သော အရပ်သားပညာရှင်များ၊​ရွေး​ကောက်ခံကိုယ်စားလှယ်များကိုပါ ထည့်သွင်းသင့်​ခြင်း၊တာဝန်​ပေးခြင်းများပြုလုပ်သင့်ကြောင်း​ဒေသခံတစ်ဦးကလည်အကြံပြုသည်။

Public Service Announcement

Public Service Announcement

CDF(ဟားခါး)ကောင်စီကစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီနှင့်စစ်တပ်သည့် အကြမ်းဖက်အဖွဲ့အစည်းများသာဖြစ်ပြီး ၎င်းတို့ဆောင်ရွက်ချက်များ
သည် တရားဝင်မှုမရှိဟုလည်း​ဖော်ပြထားသည်။

ထိုအတူ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီးတော်လှန်ရေးပြီးဆုံးသည်အထိ အကြမ်းဖက်စစ်ကောင်စီဘက်မှဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းမှန်သမျှသည်တရားဝင်မှုမရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်ကုမ္ပဏီများကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကာ CDF(ဟားခါး)ကောင်စီက အရေးယူသွားမည်ဟုလည်းပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။