Connect with us

Hi, what are you looking for?

သတင်း

CNFဌာနချုပ်အား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု NUG ရှုတ်ချ၊ အကြမ်းဖက်မှုများရပ်ရန် ကုလလုံခြုံရေး ကောင်စီ၏ဆုံးဖြတ်ချက် စစ်ကောင်စီချိုးဖောက်ဟု ထုတ်ပြန်

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

(ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်အား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်အား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်ကျော်လွန် အသုံးပြုပြီး မြန်မာပြည်သူများအား သတ်ဖြတ် နေမှုအား ထိရောက်ပြင်းထန်စွာ အရေးယူကြရန် တိုက်တွန်း

ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်အား စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က ယနေ့ ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ လုပ်ရပ်များသည် ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ဖြစ်သော အကြမ်းဖက်မှုများ ရပ်တန့် ရန်ဆိုသည့် အချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၀ရက်နှင့် ၁၁ရက်တွင် ထန်တလန်မြို့နယ်ရှိ CNFဌာနချုပ် ဗစ်တိုးရီးယားစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပထမနေ့တွင် CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ဒုတိယနေ့ တိုက်ခိုက်မှုတွင် လူထိခိုက်ကျဆုံးမှုမရှိသော်လည်း ဒေသခံများအား ဆေးကုသပေးနေသည့် လူနာဆောင်နှင့် နေအိမ်အချို့ ပျက်စီးခဲ့သည်။

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်းသို့ ဗုံးတစ် လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။

အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း မိမိတို့၏ လေပိုင်နက်ကို ကျော်လွန်အသုံးပြုကာ မြန်မာပြည်သူများကို သတ်ဖြတ်နေရုံသာမက၊ အိမ်နီးချင်းနိုင်ငံများရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပါ ခြိမ်းခြောက်လာနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ကြပါရန် NUGက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ယခု တိုက်ခိုက်မှုမတိုင်မီကလည်း စစ်ကောင်စီတပ်သည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှု များ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ရာ အာဏာသိမ်းကာလအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၆၀ ကျော်ရှိခဲ့ပြီး အများစုမှာ ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ များဖြစ်သည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော တိုင်းရင်းသား ပြည်သူများအတွက် ဝမ်းနည်းကြေကွဲ ရကြောင်း ဖော်ပြခဲ့ပြီး ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ပြည်တွင်းနှင့် နိုင်ငံတကာတရားဥပဒေများနှင့်အညီ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဟု NUGက ဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် အကြမ်းဖက်မှုများကို ရပ်တန့်ရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာ့အရေးကိစ္စကို ပြေလည်စေရန် ကူညီဆောင်ရွက်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးစားမှုများကိုလည်း လျစ်လျူရှုနေခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အပါအဝင် ပြည်သူလူထုကို ကိုယ်စားပြုသည့် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် ခိုင်ခိုင်မာမာလက်တွဲ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။