Connect with us

Hi, what are you looking for?

သတင်း

လူငယ်များကို ရေရှည်တော်လှန်ရေးခရီးထဲ ဆွဲမသွင်းဘဲ တော်လှန်ရေးအမြန်ဆုံးပြီးမြောက်အောင် ရှိသည့်အားဖြင့်ရုန်းရန် KNPP ဥက္ကဋ္ဌ တိုက်တွန်း

လူငယ်များသည် တိုင်းပြည်၏အနာဂတ် ခေါင်းဆောင်များဖြစ်သည်ဟု ပြောဆိုကြရာဝေါဟာရအဖြစ်သာမက လက်တွေ ဖော်ဆောင်ရန်လိုအပ်ကြောင်း KNPP ဥက္ကဋ္ဌက ပြောသည်။

KNPP ဥက္ကဋ္ဌ ခူဦးရယ် ပြောကြားနေစဉ်
KNPP ဥက္ကဋ္ဌ ခူဦးရယ် ပြောကြားနေစဉ်

▪️တော်လှန်ရေး အောင်မြင်မည်ဟု ယုံကြည်၍ စုပေါင်းခေါင်းဆောင်မှုဖြင့် ပန်းတိုင်အရောက် ဆက်ချီတက်ရန် KNU အထွေထွေအတွင်း ရေးမှူးချုပ်ပြော

တော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရေး အတူတကွ လက်တွဲဆောင်ရွက်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးတို့က တိုက်တွန်းလိုက်သည်။

ယနေ့ကျင်းပသည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၆)နှစ်မြောက်နေ့ အခမ်းအနား၌ KNPPနှင့် KNU ခေါင်းဆောင်များက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လူငယ်များသည် တိုင်းပြည်၏အနာဂတ် ခေါင်းဆောင်များဖြစ်သည်ဟု ပြောဆိုကြရာဝေါဟာရအဖြစ်သာမက လက်တွေ ဖော်ဆောင်ရန်လိုအပ်ကြောင်း KNPP ဥက္ကဋ္ဌက ပြောသည်။

“အခု နွေဦးတော်လှန်ရေးမှာ ပါဝင်လာကြတဲ့ လူထုတစ်ရပ်လုံးအထူးသဖြင့် လူငယ်တစ်ရပ်လုံးတွေရဲ့ အနာဂတ်ကို ကျနော်တို့ကနေပြီးတော့ ရေရှည်တော်လှန်ရေးခရီး ကျနော်တို့ လျှောက်လှမ်းခဲ့တဲ့ တော်လှန်ရေးခရီးထဲကိုတော့ ဆွဲမသွင်းဘဲနဲ့ အမြန်ဆုံး အမြန်ဆုံး ဒီနွေဦးတော်လှန်ရေးနဲ့ အမြစ်ဖြတ်ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့ ကြွေးကြော်သံနဲ့အညီ ပြုခဲ့တဲ့ ကတိနဲ့အညီ လက်တွေ့အကောင်အထည်ဖော်ဖို့ ဒီအချိန်အခါဟာ အခွင့်အခါ အချိန်အခါကောင်းဖြစ်တယ်ဆိုတာကို အားလုံးသိရှိလက်ခံထားကြပြီးဖြစ်ပါတယ်။ လက်ခံရုံနဲ့ မပြီးဘူး လုပ်စရာရှိတာကို ကျနော်တို့လုပ်ရမယ်။ အတူတကွလက်တွဲရမယ်”ဟု ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ညီညွတ်ရေးဆိုရာတွင်လည်း နှစ်ပေါင်း (၇၀) ကျော်အတွေ့အကြုံ ပြန်ကြည့်ပါက စကား အရသာဖြစ်ပြီး လက်တွေ့၌ မညီညွတ်ညွတ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီတော့ ဒီကနေ့ ဒီအခွင့်အလမ်းကို ကျွန်တော်တို့ တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ညီညွတ်ရေးဟာအားပဲလို့ တကယ်ပဲ နှစ်နှစ်ကာကာ လက်ခံထားကြတယ်ဆိုလို့ရှိရင်တော့ အခုနေအခါ မတူကွဲပြားမှုကို ဘေးဖယ်ထားပြီးတော့ ညီညီညွတ်ညွတ်နဲ့ ဒီတော်လှန်ရေး ခရီးကို အမြန်ဆုံး အတိုဆုံးဖြစ်အောင်လို့ အတူတကွ ရှိတဲ့အားနဲ့ ရုန်းပြီးတော့ လူငယ်တွေရဲ့အနာဂတ် တိုင်းပြည်ရဲ့ အနာဂတ် တောက်ပဖို့အတွက် ကျွန်တော်တို့ လက်တွဲပြီး ဆက်လက်ချီတက်ကြပါစို့”ဟု KNPP ဥက္ကဋ္ဌ ခူဦးရယ်က တိုက်တွန်းသည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ်မျိုးမဆို ကင်းစင်သည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ထူထောင်မည်ဆိုပါက ယင်းအတွက် တိုက်ပွဲဝင်နေကြသူ အားလုံးက သမိုင်းဆိုးများက ပေးအပ်ခြင်းခံရသည့် အတွေးအခေါ်နှင့် အယူအဆဆိုင်ရာ အညစ်အကြေးများကိုစွန့်ပစ်ရန် လိုအပ်သည်ဟု ပြောကြားသည်။

ရည်မှန်းချက်ချင်း တူသူအချင်းချင်း ညှိနှိုင်းလုပ်ဆောင်ပြီး စုပေါင်း ခေါင်းဆောင်မှုနှင့် အောင်ပွဲခံကြရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

“တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို အားပေးလိုတာက ကျနော်တို့ရဲ့ စုပေါင်းအားနဲ့ ခေတ်စနစ် ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်မယ့် ဒီတော်လှန်ရေးကြီးအောင်မြင်မယ်လို့ ကျနော် လုံး၀ ယုံကြည်ပါတယ်။တော်လှန်ရေးရဲ့ သဘောသဘာ၀ အရ ခက်ခဲခြင်း၊ ကြမ်းတမ်းခြင်းနဲ့အတူ ဒုက္ခဆင်းရဲတွေကိုတော့ ကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။ ကျော်ဖြတ်လည်း ကျော်ဖြတ်နေကြပြီးဖြစ်ပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောသည်။

အပြန်အလှန် ရိုင်းပင်းကူညီပြီး စုပေါင်းခေါင်းဆောင်မှု ဖြင့် အောင်မြင်ခြင်း ပန်းတိုင်အရောက် ဆက်လက် ချီတက်တိုက်ပွဲဝင်ကြရန်လည်း KNU အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။