Connect with us

Hi, what are you looking for?

သတင်း

လူထုကိုမျက်နှာမူပြီး အသုံးသတ်တိုက်ပွဲဆင်နွှဲကြရမည့် တော်လှန်ရေးဖြစ်ကြောင်း KNPP ဥက္ကဋ္ဌပြော

KNPP ဥက္ကဋ္ဌ ခူဦးရယ်၏ ၂၀၂၃ နှုတ်ခွန်းဆက် သ၀ဏ်လွှာ၌ အထပ်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

(KNPP ​၏ ရဲဘော်များအားအပတ်စဉ်(၇၄) သင်တန်းဆင်းပွဲ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNPP)
(KNPP ​၏ ရဲဘော်များအားအပတ်စဉ်(၇၄) သင်တန်းဆင်းပွဲ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNPP)

▪️ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အမြန်ပုံဖော်နိုင်ရေး ပန်းတိုင်အရောက် အတူလျှောက်လှမ်းကြရန် တိုက်တွန်း

ကရင်နီပြည်သူများနှင့် နိုင်ငံတဝှမ်းလုံးရှိ ပြည်သူ များအတွက် ထုထည်ကြီးမားနေသည့် ကဏ္ဍ အသီးသီး မှလိုအပ်ချက်များအတွက်သော်လည်းကောင်း စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်ရေးအတွက်သော်လည်းကောင်း နိုင်ငံတဝှမ်းလုံးမှ ခေါင်းဆောင်များနှင့် အတူ နိုင်ငံတကာ ခေါင်းဆောင်များ အဖွဲ့အစည်းများနှင့် နေ့ညမပြတ် ပေါင်းစပ်ညှိနှိုင်းကာ လူထု တစ်ရပ်လုံးကို မျက်နှာမူလျက် ကျောချင်းကပ် ရင်ချင်းအပ်ပြီး အသုံးသတ်တိုက်ပွဲ ဆင်နွှဲကြရမည့် တော်လှန်ရေးကြီး ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

KNPP ဥက္ကဋ္ဌ ခူဦးရယ်၏ ၂၀၂၃ နှုတ်ခွန်းဆက် သ၀ဏ်လွှာ၌ အထပ်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

ယခု ကာလတွင် ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ရဲရဲဝံ့ဝံ့ တွန်းလှန်ကာ အနာဂတ်ကို ပုံဖော်ကြမည့် လူငယ်များနှင့် လူထုတစ်ရပ်လုံးက အသက်သွေးချွေး ပေးဆပ်ရင်း အရှိန်အဟုန်မြင့်များစွာ ပါဝင်ဆင်နွဲလာကြသည့် ဤလူထုတော်လှန်ရေးသည် လာမည့် အဆက်ဆက်သော တိုင်းပြည်အနာဂတ်သစ်၏ ပြယုဂ်ပင်ဖြစ်ကြောင်း KNPP ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် ထူးခြားသည့် သမိုင်းဝင် လူထုတော်လှန်ရေးကြီးတွင် နည်းလမ်းပေါင်းစုံမှ ပါဝင်စွန့်လွှတ်အနစ်နာခံပေးဆပ်ခဲ့ကြသည့် ပြည်သူ၊ လူငယ်မောင်မယ်၊ ရဲဘော်ရဲဘက်များအားလု့းကို အထူးလေးစား ဂုဏ်ယူရင်း ဦးညွှတ်အလေးပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကြမ်းတမ်းခက်ထန်သော တော်လှန်ရေးခရီးတွင် ရင်ဆိုင်ကျော်ဖြတ်ရသည့် ဆင်းရဲဒုက္ခပေါင်းများစွာတို့အပေါ် မလျော့သည့် ဇွဲ၊ လုံ့လ နှင့်အန်တုရင်း အဆုံးမရှိသော မနက်ဖြန်နေ့ရက်များ လှပသာယာစေရေးအတွက် အတူပါဝင်ယှဉ်တွဲပုံဖော်ကြသည့်အတွက်လည်း လေးစားဂုဏ်ယူအသိအမှတ်ပြုကြောင်း ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

၂၀၂၃ နှစ်သစ်နှင့်အတူ သမိုင်းတလျှောက်တွင် အထူးခြားဆုံးသော စည်းလုံးညီညွတ်မှု၊ မတူကွဲပြား မှုများ၏ စုစည်းမှုအောက်မှ အားနည်းချက်များကို ဆင်ခြင်သုံးသပ်ပြုပြင် ထိန်းကျောင်းရင်း အားသာ ချက်များဖြင့် အတူတကွ ပေါင်းစပ်ရင်း ခွန်အားသစ်လောင်းလျက် မိမိတို့ လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပီပြင်စွာ အမြန်ဆုံး ပုံဖော်နိုင်ရေးအတွက် ပန်းတိုင်အရောက် အတူတကွ ဆက်လက်လျှောက်လှမ်းကြပါစို့ဟုလည်း ခူဦးရယ်က ပြောကြားသည်။

KNPP ဥက္ကဋ္ဌ အနေဖြင့် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုး၏ အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုများစွာအောက်တွင် အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်နစ်နာသေကြေပျက်စီးဆုံးရှုံးခဲ့ရသော ကရင်နီပြည်မှ ရဲဘော်ရဲဘက်များ လူငယ်မောင်မယ်များ လူထုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေး ကြေကွဲသော နှလုံးသားနှင့်အတူ ခိုင်မာသော သံန္နိဌာန်တို့ဖြင့် ရပ်တည်၍ မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းကို ယနေ့အထိတိုင် ဆက်လက် လျှောက်လှမ်းလျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။