Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်နှစ်ရက်ဆက် တိုက်ခိုက်

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Forceအဖွဲ့ တာဝန်ခံက ပြောသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းရန်ရောက်လာသော စစ်ကောင်စီလက်ပါးစေများအား ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းရန်ရောက်လာသော စစ်ကောင်စီလက်ပါးစေများအား ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ​စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ​ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်းသေဆုံးကြောင်း Unicorn Guerrilla Forceအဖွဲ့ တာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်က မတ္တရာမြို့နယ် မြွေတလိုင်းရွာနှင့် မြွေဟင်္သာကျေးရွာတို့ကို မွှေနှောက်ဖျက်ဆီးပြီးနောက် ပြန်ထွက်လာသည့် အင်းအား ၃၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force အဖွဲ့ တာဝန်ခံက ပြောသည်။

“ခြေလျင်စစ်ကြောင်းထိပြီး သစ်ပင်အောက်မှာ စုပြီး ဆေးကုနေတဲ့အုပ်ထဲကို ထပ်ကျခဲ့လို့ ခုနစ် ကောင်အထိ သေဆုံးခဲ့ပြီး ခုနစ်ကောင်ဒဏ်ရာပြင်းတယ်လို့ တိကျတဲ့ သတင်းအရင်းအမြစ်အရ သိရပါတယ်။ စုစုပေါင်း ၁၅ ယောက်ပဲ ပြန်သွားနိုင်တယ်လို့ အတိအကျသိရပါတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထို့နောက် ည ၁၁နာရီခန့်တွင် ဖောကားနှစ်စီးဖြင့် ထိခိုက်သေဆုံးသူများအား လာရောက်တင်ဆောင်သွားသည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Forceအဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ရှိရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားတစ်ဦးထိခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အောက်တောင်ကိုင်းရွာသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းနေထိုင်နေသည်ဟု သတင်းရထားပြီး ထိခိုက်မှုတစ်စုံတရာရှိလာပါက တာဝန်ယူမည်မဟုတ်ကြောင်း Unicorn Guerrilla Force အဖွဲ့က သတိပေးသည်။

မတ္တရာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ကြာပင်အုပ်စု၊ ကျွန်းပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးနေရာတွင်သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒုဌဝတီတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။