Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် စစ်ကောင်စီတပ်က (ပကဖ) ရဲဘော် များအပါအဝင် ၇ဦးအား သတ်ဖြတ်

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီရ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။

(ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စိုင်နိုင်ကြီးကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ-Cj)
(ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စိုင်နိုင်ကြီးကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ-Cj)

▪️စစ်ကောင်စီတပ်၏ စစ်ကြောင်းများအား ဒေသတွင်း PDFများ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာ နှစ်ရွာအား မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူနှင့် (ပကဖ) ရဲဘော်များအပါအဝင် ၇ဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။

ယနေ့(မတ်လ ၃ရက်) နံနက် ၁၁ နာရီ ၄၀မိနစ်ခန့်တွင် လှတောမှ ကားဖြင့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စိုင်နိုင်ကြီးကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်က ကျီးကန်ရွာကိုပါ မီးရှို့ဖျက်ဆီးပြီး (ပကဖ)ရဲဘော်အပါအဝင် ၇ဦးအား သတ်ဖြတ် သွားခဲ့ကြောင်း ဝက်လက်(ပကဖ)၏ သတင်းများထုတ်ပြန်နေသော ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

“တစ်ယောက်ကတော့ လေဖြတ်နေတဲ့အဖိုးအိုပါ။ နောက်တစ်ယောက်က‌ ဆိုင်ကယ်နဲ့ စီးပြေးတာကိုလှမ်းပစ်တာ။ ကျန်တာကတော့ အတိအကျမသိရဘူး”ဟု Burma Rangers (ShweBo)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ -ဗိုလ်အေဓီက ပြောသည်။

မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ ကျေးရွာကိုပါ မီးရှို့နေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ဝက်လက်မြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ယမန်နေ့ (မတ်လ ၂ ရက်)က ဝက်လက်မြို့နယ် အောင်ချမ်းသာကျေးရွာကို မီးရှို့ပြီး ဘင်တဲကုန်းရွာဘက်သို့ အင်အား ၇၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား လက်နက်ကြီး ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Eagle Guerrilla Force တပ်ခွဲ (၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် သခွတ္တောရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

“စောင်ပုခတ်နဲ့ ၅ဦး ထမ်းသယ်သွားရတယ်။ ဝက်လက်မြို့ပေါ် မေတ္တာရှင်နာရေးကား သုံးစီးနဲ့ ခေါ်သွားတယ်လို့သိရတယ်။”ဟု Eagle Guerrilla Force တပ်ခွဲ (၁)၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အောင်ချမ်းသာကျေးရွာကို ဒရုန်းဖြင့် ကင်းထောက်ပြီး ဗုံးသီးတစ်လုံးချကာ တို​က်ခိုက်ခဲ့ပြီးနောက်ဒရုန်းဖြင့်ကင်းထောက်ပြီး အန္တရာယ်ကင်းရှင်းကြောင်းသိရ၍ ပြည်သူများအား ပေးဝင်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Eagle Guerilla Force တပ်ခွဲ၁၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ နတ်တောင်နဂါးပြည့်သူ့ကာကွယ်ရေးအဖွဲ့တပ်ရင်း (၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာတွင် အင်အား၁၀ဝခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းအား ကိုယ်တိုင်ထုတ် တာဝေးပစ်လက်နက်ကြီးများဖြင့် မတ်လ၂ရက် က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းဖြူရှင် ပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းကိုပင် မတ်လ ၁ ရက်ကလည်း(၆၀) မမ လက်လုပ်များဖြင့် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးဟု ၎င်းကဆိုသည်။

“စစ်ကြောင်းရွာထဲ တပ်စွဲထားတဲ့အချိန်မှာ ရော့ကတ်သုံးလုံးပစ်ခတ်ခဲ့ပါတယ်။ မတ်လ ၁ ရက် မှာတော့ လက်လုပ် (၆၀)မမ အလုံးရေ ၃၀ အထက် ပစ်ခတ်ခဲ့ပါတယ်။ခုလည်းရွာသာကြီးမှာ တပ်စွဲထားတုန်းပါ။”ဟု မြင်းဖြူရှင် ပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီအားတိုက်ခိုက်ရန် ထုတ်လုပ်မှုစရိတ် မြင့်မားလာသောကြောင့် ငွေကြေးလိုအပ်မှူများနှင့် ထောက်ပံ့မှူများ လိုအပ်နေကြောင်း မြင်းဖြူရှင် ပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီခန့်က ဝက်လက်မြို့နယ်၊ မုဆိုးခြုံဘူတာကျေးရွာအတွင်းသို့ ထိုးစစ်ဆင်လာသော အင်အား၈၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား Burma Rangers (ShweBo)၊ X Force Army၊ ရွှေတောသား Local ပျောက်ကြားတပ်ဖွဲ့ များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း Burma Rangers (ShweBo)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ -ဗိုလ်အေဓီက ပြောသည်။

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီရ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။

တည်တောရွာ၊ မုဆိုးခြုံဘူတာရွာနှင့် အောင်ချမ်းသာရွာများရှိ အိမ်ခြေအချို့မီးရှို့ခံထားရပြီး အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရသည်။ အဆိုပါ စစ်ကြောင်းများကြောင့် ဝက်လက်နယ်ရှိ ကျေးရွာပေါင်း၂၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။