Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းအမျိုးသားနိုင်ငံရေးအဆင့်အတန်း ဒေသတွင်း ညီနောင်တိုင်းရင်းသားများထက်များစွာ နိမ့်ကျနေကြောင်း ပအိုဝ်းတပ် PAF သတိပေး

မတ်လ ၅ရက်တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ PAFမှ ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

(မြန်မာ-ထိုင်းနယ်စပ်တနေရာတွင် ဖွဲ့စည်းလိုက်သည့် ပအိုဝ်းတပ်ဖွဲ့ (Paoh Armed Force)က စစ်ရေးလေ့ကျင့်မှု ၂၀၂၂ မေလ ၃၁ရက်က ထုတ်ပြန်အသိပေးထားစဉ်။ ဓာတ်ပုံ- PAF)
(မြန်မာ-ထိုင်းနယ်စပ်တနေရာတွင် ဖွဲ့စည်းလိုက်သည့် ပအိုဝ်းတပ်ဖွဲ့ (Paoh Armed Force)က စစ်ရေးလေ့ကျင့်မှု ၂၀၂၂ မေလ ၃၁ရက်က ထုတ်ပြန်အသိပေးထားစဉ်။ ဓာတ်ပုံ- PAF)

လက်ရှိ ပအိုဝ်းအမျိုးသားနိုင်ငံရေးသည် ဒေသတွင်း ညီနောင်တိုင်းရင်းသားများ၏ နိုင်ငံရေး အဆင့်အတန်းများထက်များစွာ နောက်ကျ ကျန်ရစ်နေပြီဖြစ်ကြောင်း ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် ပအိုဝ်းခမ်းထီစဲ့(PAF)က သတိပေးလိုက်သည်။

မတ်လ ၅ရက်တွင် ကျရောက်မည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ PAFမှ ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ပအိုဝ်းပြည်သူ့စစ်ဖြစ်သည့် ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA) က စစ်ကောင်စီလက်အောက် ခံအဖြစ် စစ်ကောင်စီအလိုကျဆောင်ရွက်နေသကဲ့သို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)ကလည်း စစ်ကောင်စီတပ်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေသည့် အခြေအနေတွင် PAF က ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

“မိမိတို့ ပအိုဝ်းအမျိုးသား နိုင်ငံရေးကို လမ်းကြောင်းလွဲ ဝေဝါးစေသော မည်သည့် ပြင်ပ အဖွဲ့အစည်းများရဲ့ ဝင်ရောက်စွက်ဖက် အသုံးချမှုမျိုးကိုမဆို ဆန့်ကျင်ရမည်။ အသုံးချခံ နိုင်ငံရေးအဖြစ်မှ ရုန်းထွက်ရမည်။ ပအိုဝ်းအမျိုးသားအင်အားနှင့် အရင်းအမြစ်များသည် ပအိုဝ်းခမ်းထီ(ပြည်နယ်) ထူထောင်ရေးအတွက်ပဲဖြစ်ရမည်။ စစ်ရေး နိုင်ငံရေး အမျိုးသားရေး အမြဲသတိရှိရမည်” ဟု PAFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်ရှိဖြစ်နေသည့် ပဋိပက္ခများ၊ နိုင်ငံရေး အခင်းအကျင်းများကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး အခြားတစ်ဖက်တွင်လည်း လက်တွေစစ်မြေပြင်၌ ရည်မှန်းချက်တူ ညီနောင်မဟာမိတ်များနှင့် လက်တွဲတိုက်ပွဲဝင်နေပြီဖြစ်ကြောင်း အသိပေးထားသည်။

ကရင်-ပအိုဝ်း-ကရင်နီ သွေးစည်းညီညွတ်ရေးသည် ပအိုဝ်းခမ်းထီစဲ PAF၏ နိုင်ငံရေး မူဝါဒ တစ်ရပ်အဖြစ်ချမှတ်ထားကြောင်းလည်း အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းကာလတွင် PNO နှင့် PNLO ကဲ့သို့သော ပအိုဝ်းအဖွဲ့များက စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံနေချိန် ဒေသတွင်းပအိုဝ်းလူငယ်များက ပအိုဝ်းကာကွယ်ရေးတပ်များ ဖွဲ့စည်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ၌ ပါဝင်လျက်ရှိသည်။ ထို့ပြင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ကို ဖွဲ့စည်းကာ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ထိတွေ့ဆက်ဆံနေသည့် ပအိုဝ်းအစုအဖွဲ့လည်းရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရာအုပ်စုက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်တဲ့ PNOက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ထွက်ဆိုတဲ့ ရုပ်သံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။