Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်း ကဒူးကြီးဒေသမှာ စစ်ရှောင်နေတဲ့ ဒေသခံတွေကို PNOက ရွာထဲပြန်ခိုင်းပြီး ဒရုန်းနဲ့ဗုံးကြဲ၊ နေအိမ်တွေ မီးရှို့

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရာအုပ်စုက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်တဲ့ PNOက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ထွက်ဆိုတဲ့ ရုပ်သံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ထွက်ပြေးလာတဲ့ ကဒူးကြီးဒေသက ရွာသားများ။ ဓာတ်ပုံ - ပေးပို့

ဇန်နဝါရီ-၂၁၊ ၂၀၂၆။ People’s Spring

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရာအုပ်စုက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်တဲ့ PNOက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ထွက်ဆိုတဲ့ ရုပ်သံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒေသခံတွေက ကျေးရွာမီးရှို့ခံရတဲ့ ဖြစ်စဉ်ကို ပအိုဝ်း ဘာသာနဲ့ ပြန်ပြောပြတဲ့ ရုပ်သံကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ PNLA က ဖော်ပြခဲ့ရာ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဘာသာပြန် ရှင်းပြပေးပါတယ်။ ကျေးရွာမီးရှို့ခံရတာဟာ ဇန်နဝါရီ ပထမပတ်ထဲမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အိမ်ခြေ ဆယ်ဂဏန်းသာရှိတဲ့ ကဒူးကြီးဒေသက ခြိင်းနင် အမည်ရှိတဲ့ရွာက ဒေသခံတွေဟာ စစ်ကောင်စီနဲ့ PNO ရဲ့ ရန်ကြောင့် စစ်ရှောင်နေတာကို PNOက ရွာကို ပြန်ဖို့ အမိန့်ပေးလို့ ပြန်လာတဲ့အချိန် PNO တပ်ဖွဲ့ကပဲ ဒရုန်းဗုံးနဲ့ကြဲတာ နေအိမ်တွေကို မီးရှို့တာ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေ ပြောပြတာကို ခွန်ရိန်းယံက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

“ဒရုန်းဗုံးကြဲတဲ့အချိန်မှာ အစီအစဉ်တကျ မဟုတ်ဘဲ ခြေဦးတည့်ရာ ကိုယ့်အစီအစဉ် နဲ့ကိုယ် ပြေးကြသလိုမျိုးဖြစ်နေတော့ ဒရုန်းဗုံးကြဲတဲ့ဟာက အိမ်တွေကို ထိတာတော့ သိတယ်။ ဒါပေမဲ့ လူကို ထိလား မထိဘူးလား ဆိုတာတော့ သူတို့ သေချာလည်းမသိဘူးပေါ့ ပြည်သူလူထုရဲ့ ပြောစကားအရပေါ့” လို့ ခွန်ရိန်းယံက ပြောပါတယ်။

PNO ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဒေသခံတွေထိခိုက်မှုရှိနိုင်သလို ဖမ်းဆီးခံထားရတဲ့သူတွေလည်း ရှိနိုင်တယ်လို့ ခွန်ရိန်းယံက ခန့်မှန်းပါတယ်။

စစ်ကောင်စီနဲ့ PNO ဟာ အခု ဇန်နဝါရီလအတွင်းမှာ PNLA တပ်ရှိရာကို ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေလည်းရှိနေပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်ဘက်က သေဆုံးထိခိုက်တာ လက်နက်နဲ့ အလောင်းအချို့ရတာ ရှိထားတယ်လို့ PNLAက ဇန်နဝါရီ ၈ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး ကျေးရွာတွေ မီးရှို့ကာ ‌ဒေသခံ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

Facebook