Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းအချင်းချင်းတိုက်ဆိုတဲ့ စစ်ကောင်စီသွေးခွဲရေးဗျူဟာကို သတိထားဖို့ NUG ယာယီသမ္မတ ပြော

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။

မတ်၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။

ဒီကနေ့ ကျင်းပတဲ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ ယာယီသမ္မတက အခုလို ပြောကြားခဲ့တာပါ။

ပအိုဝ်းလူမျိုးတွေရဲ့အမျိုးသားရေးစိတ်နဲ့ ဘာသာရေးကိုင်းရှိုင်းမှုကို အသုံးချပြီး စစ်အာဏာရှင်အတွက် အင်အားဖြည့်ပေးသလို လုပ်ဆောင်နေတဲ့ စစ်ကော်မရှင်နဲ့ အပေါင်းအပါတွေကိုလည်းဝမ်းနည်းဖွယ်ရာ တွေ့ရကြောင်း ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အထူးသတိထားရမှာက ရန်သူဟာ အမြဲတမ်း သုံးတက်တဲ့ဟာက ပြည်သူကို ပြည်သူချင်းတိုက် ပအိုဝ်းဆို ပအိုဝ်းချင်းတိုက်ဆိုတဲ့ သွေးခွဲရေးကို သူ့ရဲ့ မဟာဗျူဟာ ဖြစ်တယ်။ အဲဒါကို ကျနော်တို့ အနေနဲ့ အရမ်းသတိထားရမှာ ဖြစ်ပါတယ်”လို့ ယာယီသမ္မတက ပြောကြားပါတယ်။

လက်ရှိမှာ ပအိုဝ်းပြည်သူ့စစ် PNO/PNA ဟာ စစ်ကောင်စီနဲ့ ပေါင်းပြီး စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ဆောင်ရွက်နေတာ၊ စစ်ကောင်စီအတွက် စစ်အင်အားတွေ စုဆောင်ပေးတာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။ စစ်ကောင်စီနဲ့ PNO တို့ ပေါင်းပြီး ပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ပြည်သူတရပ်လုံး လွတ်မြောက်ရေးလုပ်ဆောင် နေတာဖြစ်လို့ ပအိုဝ်းလူထု လွတ်မြောက်ရေးဟာလည်း အရေးပါတဲ့ အခန်းကဏ္ဍဖြစ်ကြောင်း အသိပေးပါတယ်။

ဒါ့အပြင် ပအိုဝ်းအမျိုးသားရေးခေါင်းဆောင်တွေ အနေနဲ့ ပအိုဝ်းအမျိုးသားရေးစိတ်ကို နိုင်ငံရေးအရ လူမျိုးရေးအရ ကျစ်လစ်အောင် ဝိုင်းဝန်းလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

လက်ရှိမှ စစ်အာဏာရှင်စနစ်အမြစ်ပြတ် ဖျက်သိမ်းရေးဟာ အလွန်အရေးကြီးတဲ့ ကဏ္ဍက ရှိနေတာမို့ ပအိုဝ်းခေါင်းဆောင်တွေအနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို အားသွန်ခွန်စိုက်လုပ်ဆောင်ဖို့လည်း ယာယီသမ္မတက တိုက်တွန်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပအိုဝ်းခေါင်းဆောင်တွေ အားလုံးနဲ့အတူတူ တသားတည်းရှိနေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အတုအယောင် ရွေးကောက်ပွဲတွေပြုလုပ်ပြီး အုပ်ချုပ်ရေး အသက်ရှုပေါက်ချောင်အောင် လုပ်ဆောင်ခဲ့သလို သိပ်မကြာခင် အုပ်ချုပ်မှု ဖွဲ့စည်းမှု ပုံစံတခုကို ပြောင်းလဲပြီး အစိုးရသစ်လို့ နာမည်တပ် ပြည်သူကို ထပ်မံ လှည့်စားဖို့ လုပ်ဆောင်နေတာ အားလုံးအသိဖြစ်ဟု ယာယီသမ္မတက ပြောပါတယ်။

” ဒါတွေအားလုံးဟာ စစ်အာဏာရှင်အတွက် အာဏာသက်ဆိုးရှည်စေတဲ့ လုပ်ရပ်တွေဖြစ်သလို နိုင်ငံရေးအသက်ရှုပေါက်ချောင်စေဖို့ လှည့်စားလုပ်ဆောင်တဲ့ကိစ္စတွေဖြစ်ပါတယ်။ဒါတွေကို ပအိုဝ်းလူထု တရပ်လုံး ကျယ် ကျယ် ပြန့်ပြန့် သိနားလည်ဖို့ ကြိုးစားဖို့ လိုပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း အမှာစကား ပြောကြားခဲ့ပါတယ်။

ပအိုဝ်းအမျိုးသားတွေအနေနဲ့ တခုတည်းသော အလံတော်အောက်မှာ စုစည်းညီညွတ်ပြီး အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ စုပေါင်းရုန်းကန် မှုကြောင့် ရလဒ်ကြီးကြီးမားမား ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ လူမျိုးတမျိုးချင်းစီအတွက် လွတ်လပ်မှု တန်းတူညီမျှမှု တရားမျှတမှု တို့ရရှိခံစားနိုင်ဖို့ အတူတကွ ချစ်ကြည်ရင်းနှီးစွာ ပေါင်းစည်းဆောင်ရွက်သွားနိုင်ပါစေလို့လည်း CRPH ဥက္ကဋ္ဌက ဆန္ဒပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။