Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းက ရုရှားကို စတိုက်ခိုက်တာပါလို့ ပြောမိလို့ လူတွေ ဝိုင်းရယ်တာ ခံခဲ့ရတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး

အိန္ဒိယဟာ ရုရှားနဲ့ ကာကွယ်ရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ နီးနီးကပ်ကပ် ဆက်ဆံမှုတွေ ရှိခဲ့ပြီး အနောက်နိုင်ငံတွေက ရုရှားရဲ့ စွမ်းအင်ထုတ်ကုန် ကဏ္ဍအပေါ် ဝိုင်းဝန်း အရေးယူ ပိတ်ဆို့ချိန်မှာ ရုရှားဆီက ရေနံစိမ်းကို လျှော့စျေးနဲ့ ဝယ်ယူနေခဲ့ပါတယ်။

ယူကရိန်းက ရုရှားကို စတိုက်ခိုက်တာပါလို့ ပြောမိလို့ လူတွေ ဝိုင်းရယ်တာ ခံခဲ့ရတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး
ယူကရိန်းက ရုရှားကို စတိုက်ခိုက်တာပါလို့ ပြောမိလို့ လူတွေ ဝိုင်းရယ်တာ ခံခဲ့ရတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး

ရုရှားကို ယူကရိန်းက စတင်တိုက်ခိုက်ခဲ့တာပါလို့ လူပုံအလယ်မှာ ခပ်တည်တည် ပြောခဲ့တဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးတစ်ယောက် ဟောပြောပွဲ ပရိသတ်တွေ ဝိုင်းရယ်တာ ခံလိုက်ရပါတယ်။

မတ် ၂ ရက်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ G20 ညီလာခံရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် Raisina Dialogue 2023 အစီအစဉ်မှာ လက်ဗ်ရော့ဗ်က ဧည့်ပရိသတ်တွေ မေးမြန်းတာကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ အစီအစဉ် တက်ရောက်လာသူ တစ်ဦးက ရုရှား-ယူကရိန်း စစ်ပွဲက အိန္ဒိယနဲ့ ကုန်သွယ်ရေး ကဏ္ဍအပေါ် ဘယ်လို သက်ရောက်နိုင်သလဲလို့ မေးမြန်းခဲ့ပါတယ်။

လက်ဗ်ရော့ဗ်က “အားလုံး သိတဲ့အတိုင်း စစ်ပွဲက၊ အဲ … ကျွန်တော်တို့ ရပ်တန့်ဖို့ ကြိုးစားနေတဲ့ စစ်ပွဲမှာ ကျွန်တော်တို့က စတင် ကျူးကျော် ခံခဲ့ရတာ ဖြစ်တာကြောင့် …”လို့ ပြောခဲ့တဲ့အခါ စကားမဆုံးခင် အားလုံးက ဝိုင်းရယ်ခဲ့ကြပါတယ်။

ရယ်သံတွေ ဆုံးသွားတော့ လက်ဗ်ရော့ဗ်က လက်မလျှော့သေးဘဲ “ယူကရိန်းပြည်သူတွေက လွှမ်းမိုးဖို့ …”လို့ စကားဆက်တော့ ပရိသတ်တွေက ထပ်ရယ်ကြပြန်ပါတယ်။ နောက်ပိုင်းမှတော့ လက်ဗ်ရော့ဗ်က စစ်ပွဲနဲ့ ပတ်သက်ပြီး ဗြောင်ကျကျ လိမ်ညာတဲ့ စကားမျိုး ဆက်မပြောတော့ဘဲ စစ်ပွဲကြောင့် ရုရှားရဲ့ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ရှိခဲ့ကြောင်းနဲ့ ရုရှားဟာ ကုန်သွယ်ရေး ကဏ္ဍမှာ ဘယ်မိတ်ဖက် နိုင်ငံကိုမှ အလွန်အကျွံ မှီခို အားကိုးတာမျိုး မရှိအောင် ထိန်းညှိမှာဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အထူး စစ်ဆင်ရေး တစ်ခုလို့ နာမည်တပ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်ခဲ့တယ်ဆိုတာ တစ်ကမ္ဘာလုံး သိထားပြီးတဲ့ ကိစ္စပါ။ ဒါကို လက်ဗ်ရော့ဗ်က ခပ်တည်တည်နဲ့ လိမ်ညာပြောကြားဖို့ ကြိုးစားတော့ လူကြားထဲ ဝိုင်းရယ်တာ ခံလိုက်ရတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ရုရှားနဲ့ ကာကွယ်ရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ နီးနီးကပ်ကပ် ဆက်ဆံမှုတွေ ရှိခဲ့ပြီး အနောက်နိုင်ငံတွေက ရုရှားရဲ့ စွမ်းအင်ထုတ်ကုန် ကဏ္ဍအပေါ် ဝိုင်းဝန်း အရေးယူ ပိတ်ဆို့ချိန်မှာ ရုရှားဆီက ရေနံစိမ်းကို လျှော့စျေးနဲ့ ဝယ်ယူနေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။