Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်လုပ် ဒရုန်းတစ်စီးကို ယူကရိန်းစစ်သားတွေ ပစ်ချ

လက်နက် တပ်ဆင်ထားတဲ့ Mugin-5 အမျိုးအစား ဒရုန်းတစ်စီး သစ်တော ဧရိယာထဲမှာ ပျက်ကျနေတာကို ယူကရိန်း စစ်သားတွေက CNN သတင်းထောက်တွေကို ပြသခဲ့ပါတယ်။

တရုတ်လုပ် ဒရုန်းတစ်စီးကို ယူကရိန်းစစ်သားတွေ ပစ်ချ
တရုတ်လုပ် ဒရုန်းတစ်စီးကို ယူကရိန်းစစ်သားတွေ ပစ်ချ

တရုတ်လုပ် ဒရုန်းတစ်စီးကို နိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောကြားခဲ့ပါတယ်။

လက်နက် တပ်ဆင်ထားတဲ့ Mugin-5 အမျိုးအစား ဒရုန်းတစ်စီး သစ်တော ဧရိယာထဲမှာ ပျက်ကျနေတာကို ယူကရိန်း စစ်သားတွေက CNN သတင်းထောက်တွေကို ပြသခဲ့ပါတယ်။ Mugin-5တွေကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းခြေမြို့ တစ်ခုဖြစ်တဲ့ ရှီယာမန်မှာ တပ်ဆင် ထုတ်လုပ်လေ့ ရှိပါတယ်။

အဲဒီ ဒရုန်းကို ယူကရိန်း စစ်သားတွေက AK-47 ချေမှုန်းရေး ရိုင်ဖယ်တွေနဲ့ ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ တချို့ကလည်း ဒီဒရုန်းတွေကို Alibaba ဒရုန်းလို့ နာမည်ပြောင် ပေးထားပါတယ်။ အကြောင်းကတော့ တရုတ် အွန်လိုင်း စျေးဝယ်ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Alibabaနဲ့ Taobaoတို့မှာ တစ်စီးကို ဒေါ်လာ တစ်သောင်းခွဲ ဝန်းကျင်လောက်နဲ့ ဝယ်ယူနိုင်တာကြောင့်ပါ။

ဒရုန်းကို ထုတ်လုပ်တဲ့ Mugin ကုမ္ပဏီက ယူကရိန်းမှာ ပစ်ချခံရတာဟာ သူတို့ရဲ့ ထုတ်ကုန်တစ်ခုလို့ CNNဆီ အတည်ပြုခဲ့ပြီး စစ်ပွဲမှာ အဲဒီဒရုန်းတွေ သုံးစွဲနေတယ် ဆိုတာက ကံမကောင်း အကြောင်းမလှမှု တစ်ခုလို့ ပြောကြားခဲ့ပါတယ်။ Mugin-5ဟာ သာမန်အားဖြင့် အရပ်ဖက်သုံး ဒရုန်းအဆင့်မှာ ပါဝင်ပြီး နည်းပညာပိုင်းလည်း အရမ်းမြင့်မားနေတာတော့ မဟုတ်ပါဘူး။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ယူကရိန်း စစ်ပွဲမှာ အရပ်ဖက်သုံး ဒရုန်းတွေလည်း စစ်လက်နက်အဖြစ် ပြောင်းလဲ အသုံးပြု ခံရမှုတွေ အရှိန်မြင့်တက်လာနေတယ် ဆိုတာကို အခုဖြစ်စဉ်က သက်သေခံနေပါတယ်။

ဒရုန်းကို ပစ်ချခဲ့တဲ့ ယူကရိန်း စစ်သားတွေက ညဖက် ကောင်းကင်ယံမှာ နိမ့်နိမ့် ပျံသွားတဲ့ အရာရဲ့ အချက်ပြ မီးရောင်ကို မြင်လို့ သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့တာလို့ ပြောပြပါတယ်။ အခုတော့ တရုတ်လုပ် ဒရုန်းကိုယ်ထည် အပျက်အစီးတွေဟာ တောထဲမှာ ဆက်ရှိနေဆဲပါ။

ဒရုန်းမှာ ကင်မရာ တပ်မထားတဲ့အတွက် ထောက်လှမ်းရေး ကဏ္ဍမှာ ရုရှားတွေက သုံးစွဲတာမျိုး မဟုတ်ဘဲ ယူကရိန်း စစ်သားတွေ ရှိနေတဲ့ ကတုပ်ကျင်းတွေထဲ ဗုံးကြဲဖို့ အဓိက ရည်ရွယ်ခဲ့ဟန် ရှိပါတယ်။

တရုတ် အစိုးရဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ကြားနေဖို့ ဆုံးဖြတ်ခဲ့ပြီး ဘယ်ဖက်ကိုမှ စစ်လက်နက်တွေ တင်ပို့တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကတော့ တရုတ်ဟာ လက်နက်မဟုတ်တဲ့ တခြားအကူအညီတွေ အများအပြားကို ရုရှားဆီ တိုက်ရိုက် ထောက်ပံ့ပေးနေကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။