Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့ကြီးတွေကို ရုရှားက တပြိုင်တည်းနီးပါး လေကြောင်းကနေ တိုက်ခိုက်

မြောက်ပိုင်းမှာရှိတဲ့ ခါကစ်ဗ်ကနေ တောင်ပိုင်း အိုဒက်ဆာထိ၊ အရှေ့ဖျား စစ်မြေပြင်ကနေ ယူကရိန်း အနောက်ဖက်ပိုင်းမှာရှိတဲ့ ဇိုင်တိုမာ မြို့အထိ မတ် ၈ ရက်က ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဒဏ်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ယူကရိန်းရဲ့ မြို့ကြီးတွေကို ရုရှားက တပြိုင်တည်းနီးပါး လေကြောင်းကနေ တိုက်ခိုက်
ယူကရိန်းရဲ့ မြို့ကြီးတွေကို ရုရှားက တပြိုင်တည်းနီးပါး လေကြောင်းကနေ တိုက်ခိုက်

ယူကရိန်းက မြို့ကြီး တော်တော်များများကို တပြိုင်တည်းနီးပါးအဖြစ် ရုရှားက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ပိုင်းမှာရှိတဲ့ ခါကစ်ဗ်ကနေ တောင်ပိုင်း အိုဒက်ဆာထိ၊ အရှေ့ဖျား စစ်မြေပြင်ကနေ ယူကရိန်း အနောက်ဖက်ပိုင်းမှာရှိတဲ့ ဇိုင်တိုမာ မြို့အထိ မတ် ၈ ရက်က ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဒဏ်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ခါကစ်ဗ်နဲ့ အိုဒက်ဆာမှာတော့ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူနေအိမ်တွေနဲ့ တခြား အခြေခံ အဆောက်အအုံတချို့ ထိခိုက် ပျက်စီးခဲ့ပါတယ်။ ပြီးတော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေလည်း နေရာအနှံ့ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာလည်း ရုရှားရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း အရှေ့ဖျားက ဘက်ခ်မတ်မြို့မှာ ရုရှားနဲ့ ယူကရိန်း တပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန် အခုလိုမျိုး နိုင်ငံအနှံ့ ဖြန့်ကျက် တိုက်ခိုက်မှုတွေ ကြုံလာရတာလို့ ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောပါတယ်။

ရုရှားဟာ အရင်ကလည်း ယူကရိန်းက မြို့ကြီးတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး လေကြောင်းကနေ တပြိုင်တည်း တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့ဖူးပါတယ်။ ရုရှားရဲ့ အဲဒီလို တိုက်ခိုက်မှုတွေမှာ အရပ်သားတွေ ထိခိုက်သေကြေမှုတွေ ရှိခဲ့ပေမယ့် ရုရှားစစ်တပ်ကတော့ အရပ်သား ဧရိယာတွေကို ပစ်မှတ်ထားခဲ့ကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

မတ် ၈ ရက်ကတော့ ယူကရိန်းမှာရှိတဲ့ နေရာ ၁၅ ခုလောက်ကို ရုရှားရဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရပြီး လူအသေအပျောက် သတင်းတွေတော့ လောလောဆယ် မကြားရသေးပါဘူး။ ယူကရိန်း လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့တွေက ရုရှား ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် အတော်များများကို ကြားဖြတ် ဟန့်တား ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။