Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆူဒန်မှာ အင်အားကြီး လက်နက်ကိုင်နှစ်ဖွဲ့ အာဏာလုရာက အရပ်သား အမြောက်အမြား သေဆုံး

ပြည်တွင်းမှာတော့ အခြေအနေတွေက ဘယ်လောက်ထိ ဆိုးရွားနေသလဲ ဆိုတာကို ခန့်မှန်းဖို့ ခက်နေပြီး ခါတွမ်လေဆိပ်ရဲ့ နေရာတချို့လည်း မီးလောင်ခဲ့တယ်လို့ မြို့ခံတွေရဲ့ အဆိုအရ သိရှိရပါတယ်။

ဆူဒန်မှာ အင်အားကြီး လက်နက်ကိုင်နှစ်ဖွဲ့ အာဏာလုရာက အရပ်သား အမြောက်အမြား သေဆုံး
ဆူဒန်မှာ အင်အားကြီး လက်နက်ကိုင်နှစ်ဖွဲ့ အာဏာလုရာက အရပ်သား အမြောက်အမြား သေဆုံး

ဆူဒန်နိုင်ငံမှာ ဩဇာကြီးမားတဲ့ လက်နက်ကိုင် တပ်နှစ်ခုကြား အာဏာလုပွဲကြောင့် အရပ်သားတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။

မြို့တော် ခါတွမ်မှာ ဆူဒန် စစ်တပ်နဲ့ စင်ပြိုင် လက်နက်ကိုင် တပ်ဖွဲ့ RSFတို့ကြား အာဏာလုကြရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ မြို့ထဲမှာ နှစ်ဖက် ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေက မြေစာပင်ဖြစ်ပြီး ကျည်ထိမှန် သေဆုံးကုန်ကြကြောင်း မျက်မြင်တွေက ပြောပါတယ်။

အခု သီတင်းပတ်ကုန်မှာ ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့နှစ်ခုကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

စစ်တပ်ကရော၊ ပြိုင်ဘက် RSFကပါ ခါတွမ် လေဆိပ်နဲ့ မြို့ရဲ့ အထင်ကရ နေရာတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ အသီးသီး ကြေညာထားကြပြီး တိုက်ပွဲတွေကတော့ ညလုံးပေါက် ဆက်လက် ဖြစ်ပွားနေသလို ဧပြီ ၁၆ ရက်ထိ အတောမသတ်သေးပါဘူး။

Public Service Announcement

Public Service Announcement

ခါတွမ်အပြင် ပင်လယ်နီ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ ပို့တ်ဆူဒန်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆူဒန် ဆရာဝန်များ ကော်မတီက လက်ရှိ တိုက်ပွဲတွေကြောင့် အရပ်သား ၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး လက်နက်ကိုင် အင်အားစု နှစ်ခုစလုံးမှာလည်း တပ်ဖွဲ့ဝင်တွေ ဒါဇင်နဲ့ချီ အသေအပျောက် ရှိကြလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေအတွင်း ဒဏ်ရာရသူ ၆၀၀ ဝန်းကျင်လောက်ထိ များပြားလာပါတယ်။ လမ်းချော်လာတဲ့ ကျည်ဆန်တွေ ထိမှန်ရာက ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)ရဲ့ ဝန်ထမ်း တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ဆူဒန် စစ်တပ်က အာဏာသိမ်းခဲ့ချိန် ကတည်းက စစ်ဗိုလ်ချုပ်တွေက နိုင်ငံကို အုပ်ချုပ်နေခဲ့တာပါ။ လက်ရှိ တိုက်ပွဲတွေကတော့ ဆူဒန်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်လ် ဖာတား အယ်လ်ဘာဟန်ကို သစ္စာခံတဲ့ စစ်တပ်နဲ့ ဆူဒန်ရဲ့ ဒုတိယ ခေါင်းဆောင်လို့ ဆိုရမယ့် မိုဟာမက်ဒ် ဟမ်ဒန်း ဒါဂါလိုကို သစ္စာခံတဲ့ RSFတို့ကြား ဖြစ်ပေါ်နေတာပါ။

ဒါဂါလိုက သူ့တပ်တွေဟာ ဆူဒန် တစ်နိုင်ငံလုံးက စစ်စခန်းတွေကို ထိန်းချုပ်ပြီးတဲ့ထိ ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ကြုံးဝါးထားပါတယ်။ ဆူဒန် စစ်တပ်ကလည်း RSFကို မဖျက်သိမ်းမချင်း စေ့စပ် ညှိနှိုင်းရေးတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ တင်းတင်းမာမာ တုံ့ပြန်ထားပါတယ်။

ပြည်တွင်းမှာတော့ အခြေအနေတွေက ဘယ်လောက်ထိ ဆိုးရွားနေသလဲ ဆိုတာကို ခန့်မှန်းဖို့ ခက်နေပြီး ခါတွမ်လေဆိပ်ရဲ့ နေရာတချို့လည်း မီးလောင်ခဲ့တယ်လို့ မြို့ခံတွေရဲ့ အဆိုအရ သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ