Connect with us

Hi, what are you looking for?

News

စစ်မက်ဒေသတွေကအခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် သဘောထားထုတ်ပြန်

ဒီဖြစ်ရပ်တွေအပေါ် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်အနေနဲ့ များစွာတုန်လှုပ်ခြောက်ခြားလျက်ရှိပြီး ပြည်သူတွေအားလုံးအတွက် စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

မတရားဖိနှိပ်ချုပ်ချယ်မှုတွေကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပြီး အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းသာယာဝပြောမှုကိုသာ လိုလားတယ်လို့ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် (MBC) ဒီကနေ့ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်မက်ဖြစ်ပွားနေတဲ့ဒေသက သတင်းတွေအရ ဘုရားကျောင်း၊ သာသနာအဆောက်အဦးနဲ့ လူနေအိမ်တွေကို လက်နက်ကြီးထိမှန်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာ၊ အပြစ်မဲ့ပြည်သူတွေ ဓမ္မအမှုတော်ဆောင်တွေ၊ သင်းအုပ်ဆရာတွေ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာနဲ့ ပစ္စည်းတွေ အဓမ္မလုယက်ခံရတာတွေ ကြုံတွေ့နေရကြောင်း ကြားသိခဲ့ရတယ်လို့ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်က ဆိုပါတယ်။

ဒီဖြစ်ရပ်တွေအပေါ် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်အနေနဲ့ များစွာတုန်လှုပ်ခြောက်ခြားလျက်ရှိပြီး ပြည်သူတွေအားလုံးအတွက် စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

နောက်နောင်ကာလတွေမှာ အခုလိုဆိုးရွားတဲ့လုပ်ဆောင်မှုတွေကို မမြင်တွေ့လိုပဲ ဘာသာရေး လူမျိုးရေးပဋိပက္ခတွေ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်မှုကိုလည်း လုံးဝမလိုလားဘူးလို့ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုင်းပြည်အတွင်း နိုင်ငံရေးပဋိပက္ခတွေကြောင့် တိုင်းနဲ့ပြည်နယ်အချို့မှာ တိုက်ပွဲဖြစ်ပွားတာ၊ ပြည်သူတွေရဲ့ လူမှုဘဝလုံခြုံမှုမရှိတာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ၊ စီးပွားရေး ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အခက်များစွာ ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ရတယ်လို့ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ချင်းပြည်နယ် ထန်တလန်မြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့လို့ ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်က သင်းအုပ်ဆရာတစ်ဦးဖြစ်သူ ပါစတာကျုံးဗျက်ဟုမ်းဟာ သေဆုံးသွားခဲ့ပြီး သင်းအုပ်ဆရာတော်ရဲ့ ဖုန်း၊ နာရီနဲ့ လက်စွပ်တို့ကို စစ်တပ်က လုယက်ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့ဖြစ်ရပ်ဖြစ်ပွားပြီးတဲ့နောက် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွေက အသီးသီးကန့်ကွက်စာထုတ်ပြီး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့...

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

Trending

Facebook