Connect with us

Hi, what are you looking for?

သတင်း

သံတမန်ယာဥ်တန်းတိုက်ခိုက်ခံရမှု အီးယူရှုတ်ချ ၊ NUG ရဲ့မြန်ဆန်တဲ့တုန့်ပြန်မှုနဲ့ စုံစမ်းစစ်ဆေးမှုကို ကြိုဆို

ယာဥ်တန်းမှာPNLO ကိုယ်စားလှယ်​တွေလည်းပါဝင်ပြီးစစ်ကောင်စီ နှင့် PNO တို့ လက်ချက်ဖြစ်နိုင်တယ်လို့သံသယရှိကြောင်း PNLO ဦးဆောင်နာယကခွန်ဥက္ကာကလည်း ပြောထားပါတယ် ။

(ယာဉ်တန်းတိုက်ခိုက်ခံရသည့်နေရာပြ မြေပုံ)
(ယာဉ်တန်းတိုက်ခိုက်ခံရသည့်နေရာပြ မြေပုံ)

ရှမ်းပြည်နယ်မှာ အာဆီယံသံတမန်ယာဥ်တန်းကို အမည်မသိအဖွဲ့က တိုက်ခိုက်ခဲ့မှုအပေါ် ဥရောပသမဂ္ဂမြန်မာရုံးက ပြစ်တင်ရှုတ်ချလိုက်ပြီး အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ NUG ရဲ့မြန်ဆန်တဲ့တုန့်ပြန်မှုနဲ့ စုံစမ်းစစ်ဆေးမှုကို ကြိုဆိုလိုက်ပါတယ်။

“ဒီတိုက်ခိုက်မှုက စစ်အာဏာသိမ်းမှုက ယူဆောင်လာတဲ့ အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုကို မီးမောင်းထိုးပြနေတာပါ” လို့ အီးယူသံရုံးက ဆိုပါတယ်။

အာဆီယံသံတမန်တွေ လိုက်ပါလာတဲ့ယာဥ်တန်းဟာ မေလ ၇ ရက်က တောင်ကြီးမြို့မှ ဆီဆိုင်သို့ သွားတဲ့လမ်းမှာ တိုက်ခိုက်ခံရပြီး တိုက်ခိုက်မှုကြောင့် သံတမန်များ ထိခိုက်မှုမရှိပေမယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ စင်ကာပူတို့က ပြစ်တင်ရှုတ်ချထားပြီး အင်အားသုံးတာနဲ့ အကြမ်းဖက်မှုကို ရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သံတမန်ယာဉ်တန်း တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း မနေ့က ထုတ်ပြန်ခဲ့ပြီး NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့အနေနဲ့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့ခြင်း မရှိသကဲ့သို့ ဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ်ပြုထားမှာ မဟုတ်ဘူးလို့ အသိပေးပါတယ်။

ဒေသတွင်း သတင်းရင်းမြစ်အချို့ရဲ့ ပြောကြားချက်အရ ယာဉ်တန်း တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ရှိရာ ကြားမှာဖြစ်တယ်လို့သိရပါတယ်။

ယာဥ်တန်းမှာPNLO ကိုယ်စားလှယ်​တွေလည်းပါဝင်ပြီးစစ်ကောင်စီ နှင့် PNO တို့ လက်ချက်ဖြစ်နိုင်တယ်လို့သံသယရှိကြောင်း PNLO ဦးဆောင်နာယကခွန်ဥက္ကာကလည်း ပြောထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။