Connect with us

Hi, what are you looking for?

News

ဘေးမျိုးစုံကြုံခဲ့သောပြည်သူများသို့ ငါးလအတွင်း NUG က ကျပ်တစ်ဘီလီယံ ထောက်ပံ့ခဲ့ဟု ဒေါက်တာဝင်းမြတ်အေး ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုထံသို့
၂၀၂၁ ဧပြီ ၁၆ ရက်မှ စက်တင်ဘာ ၂၀ရက်အထိ ထောက်ပံ့ပေးအပ်ခဲ့သည့် အခြေအနေကို ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့(စက်တင်ဘာ ၂၅) ထုတ်ပြန်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဘေးဒုက္ခမျိုးစုံသင့်ခဲ့သည့် ပြည်သူလူထုထံသို့ ငါးလတာကာလအတွင်း ကျပ်ငွေ တစ်ဘီလီယံကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုထံသို့
၂၀၂၁ ဧပြီ ၁၆ ရက်မှ စက်တင်ဘာ ၂၀ရက်အထိ ထောက်ပံ့ပေးအပ်ခဲ့သည့် အခြေအနေကို ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယနေ့(စက်တင်ဘာ ၂၅) ထုတ်ပြန်ခြင်းဖြစ်သည်။

ထောက်ပံ့ကူညီရေးလမ်းကြောင်းကို အကြမ်းဖက်စစ်ကောင်စီက နည်းမျိုးစုံ ပိတ်ဆို့ထားသည့်ကြားမှ တော်လှန် ရေးကာလအတွင်း ပြည်သူများအတွက် ရိက္ခာမျိုးစုံအတွက် ကျပ်သန်း ၇၀၀ ကျော်၊နေရပ်စွန့်ခွာထွက်ပြေးနေရသူများအတွက် ကျပ်သန်း၅၀၀ ခန့်အပါအဝင် နိုင်ငံရေးအကျဥ်းသားများနှင့် ကျဆုံးသူများ၏မိသားစုများ၊ ထိခိုက်လွယ်အုပ်စု( သက်ကြီးရွယ်အိုနှင့် ကလေး သူငယ်များ၊ မသန်စွမ်းများ)နှင့်သဘာဝဘေးကြုံတွေ့သူများအတွက် စုစုပေါင်း ကျပ်သိန်း တစ်သောင်းသုံးထောင်ကျော် ထောက်ပံ့နိုင်ခဲ့သည်ဟု ဒေါက်တာဝင်းမြတ်အေးက ရှင်းပြထားသည်။

” ကျွန်တော်တို့က ပြည်သူ့ဒုက္ခကို ထပ်တူကိုယ်ချင်းစာ ခံစားနေပါတယ်။ဘေးဒုက္ခများမှ ကင်းဝေးစေဖို့ အတတ်နိုင်ဆုံး အားလုံး လက်တွဲကြိုးပမ်းနေကြပါတယ်။ပြည်ပ ပြည်တွင်း ပြည်သူအချင်းချင်း ရိုင်းပင်းကူညီနိုင်ဖို့ အကောင်းဆုံး ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်” ဟု
ဝန်ကြီးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်အာဏာရှင်ကို ဖြုတ်ချပြီး ပြည်သူ့အာဏာ ပြည်သူလက်ထဲ ပြန်ရောက်ပါက တော်လှန်ရေးကာလအတွင်း ထိခိုက်ခဲ့သည့်ပြည်သူများအတွက် ပြန်လည် ထူထောင်ရေး သေချာစွာ ပြန်လည်လုပ်ဆောင်ပေးသွားမည်ဟု အာမခံကြောင်း ဒေါက်တာဝင်းမြတ်အေးကဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook