Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါမှာ အဖမ်းခံခဲ့ရတဲ့ Huawei အမှုဆောင် တရုတ်ကို ပြန်ရောက်ရှိ

သူဟာ အိမ်ပြန်ရောက်လာပြီလို့ အသက် ၄၉ နှစ်အရွယ် မန်က တရုတ် သတင်းစာ Global Timesကို ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ အလံ လွှင့်ထူထားသ၍ မျှော်လင့်ချက် မီးရှူးတိုင်လို ထွန်းလင်းနေမှာဖြစ်ကြောင်း၊ တရုတ် အလံရဲ့ အနီရောင်ဟာ မျှော်လင့်ခြင်းကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်ကြောင်း မန်က ဆိုပါတယ်။

ကနေဒါ နိုင်ငံမှာ ၃ နှစ်နီးပါး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတဲ့ Huawei ကုမ္ပဏီ အမှုဆောင် မန်ဝမ်ကျိုးဟာ တရုတ်နိုင်ငံကို ပြန်လည် ရောက်ရှိလာကြောင်း သိရပါတယ်။

ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး လုပ်ငန်းစုကြီး Huaweiကို ထူထောင်ခဲ့သူ ရန်ဇန်ဖေးရဲ့ သမီးလည်းဖြစ်၊ ကုမ္ပဏီ ဘုတ်အဖွဲ့ရဲ့ ဒုတိယ အမှုဆောင် ဥက္ကဋ္ဌ ရာထူးနဲ့ ဘဏ္ဍာရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူထားသူ မန်ဟာ ရှန်ဇန်းမြို့ကို စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက လေကြောင်းခရီးစဉ်နဲ့ ဆိုက်ရောက်လာခဲ့ပါတယ်။

ကနေဒါ အာဏာပိုင်တွေက မန်ကို ပြန်လွှတ်ပေးပြီး နာရီပိုင်း အကြာမှာပဲ တရုတ်ကလည်း သူလျှိုမှုနဲ့ စွပ်စွဲ ဖမ်းဆီးထားတဲ့ ကနေဒါ နိုင်ငံသား နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ မိုက်ကယ် စပါဗာနဲ့ မိုက်ကယ် ကော့ဗ်ရစ်ဂ်တို့ နှစ်ဦးဟာ ၂၀၁၈ တုန်းက မန်နဲ့ အချိန် သိပ်မခြားဘဲ တရုတ်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလည်း ကနေဒါကို ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သူဟာ အိမ်ပြန်ရောက်လာပြီလို့ အသက် ၄၉ နှစ်အရွယ် မန်က တရုတ် သတင်းစာ Global Timesကို ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ အလံ လွှင့်ထူထားသ၍ မျှော်လင့်ချက် မီးရှူးတိုင်လို ထွန်းလင်းနေမှာဖြစ်ကြောင်း၊ တရုတ် အလံရဲ့ အနီရောင်ဟာ မျှော်လင့်ခြင်းကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်ကြောင်း မန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြောင့် ကနေဒါ အာဏာပိုင်တွေက မန်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မန်ဟာ ၂၀၁၈ ဒီဇင်ဘာ ၁ ရက်က၊ ဗန်ကူးဗား နိုင်ငံတကာ လေဆိပ်မှာ ထိန်းသိမ်း ခံခဲ့ရတာပါ။ သူဟာ ငွေကြေး မသမာမှု၊ အမေရိကန်က တားဆီးပိတ်ပင်ထားတဲ့ အီရန် အစိုးရကို ထောက်ပံ့ ကူညီမှုတွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန်က စွပ်စွဲပါတယ်။

နောက်ပိုင်းမှာ တရုတ်ကလည်း ကနေဒါ နိုင်ငံသား နှစ်ဦးကို သူလျှိုမှုနဲ့ ဖမ်းဆီးပြီး စပါဗာကို ထောင် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။ ကော့ဗ်ရစ်ဂ်ကတော့ အမှုစစ်ဆေးနေဆဲ ကာလမှာပဲ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ အမေရိကန်၊ ကနေဒါနဲ့ တရုတ်တို့ ကာလရှည်ကြာ ညှိနှိုင်းမှုတွေ ရှိခဲ့ပါတယ်။

မန်ရဲ့ ရှေ့နေတွေနဲ့ အမေရိကန် အစိုးရ ရှေ့နေတွေက သူ့အပေါ် စွပ်စွဲထားတဲ့ ငွေကြေး မသမာမှု စွဲချက်တွေနဲ့ ပတ်သက်လို့ ညှိနှိုင်း သဘောတူညီမှု ရခဲ့တဲ့နောက် ကနေဒါ တရားသူကြီး တစ်ဦးက မန်ကို ပြန်လွှတ်ပေးဖို့ အမိန့်ချခဲ့တာပါ။ Huaweiက ဒီအမှုနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ဆက်ပြီး တရားရင်ဆိုင်သွားမယ်လို့ ကြေညာထားပါတယ်။

တရုတ် အထင်ကရ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုရဲ့ အမှုဆောင်ကို ဖမ်းဆီးခဲ့တဲ့ ကိစ္စဟာ တရုတ်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး အတင်းမာဆုံး ကာလတွေမှာ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။