Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကနေဒါမှာ အဖမ်းခံခဲ့ရတဲ့ Huawei အမှုဆောင် တရုတ်ကို ပြန်ရောက်ရှိ

သူဟာ အိမ်ပြန်ရောက်လာပြီလို့ အသက် ၄၉ နှစ်အရွယ် မန်က တရုတ် သတင်းစာ Global Timesကို ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ အလံ လွှင့်ထူထားသ၍ မျှော်လင့်ချက် မီးရှူးတိုင်လို ထွန်းလင်းနေမှာဖြစ်ကြောင်း၊ တရုတ် အလံရဲ့ အနီရောင်ဟာ မျှော်လင့်ခြင်းကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်ကြောင်း မန်က ဆိုပါတယ်။

ကနေဒါ နိုင်ငံမှာ ၃ နှစ်နီးပါး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတဲ့ Huawei ကုမ္ပဏီ အမှုဆောင် မန်ဝမ်ကျိုးဟာ တရုတ်နိုင်ငံကို ပြန်လည် ရောက်ရှိလာကြောင်း သိရပါတယ်။

ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး လုပ်ငန်းစုကြီး Huaweiကို ထူထောင်ခဲ့သူ ရန်ဇန်ဖေးရဲ့ သမီးလည်းဖြစ်၊ ကုမ္ပဏီ ဘုတ်အဖွဲ့ရဲ့ ဒုတိယ အမှုဆောင် ဥက္ကဋ္ဌ ရာထူးနဲ့ ဘဏ္ဍာရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူထားသူ မန်ဟာ ရှန်ဇန်းမြို့ကို စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက လေကြောင်းခရီးစဉ်နဲ့ ဆိုက်ရောက်လာခဲ့ပါတယ်။

ကနေဒါ အာဏာပိုင်တွေက မန်ကို ပြန်လွှတ်ပေးပြီး နာရီပိုင်း အကြာမှာပဲ တရုတ်ကလည်း သူလျှိုမှုနဲ့ စွပ်စွဲ ဖမ်းဆီးထားတဲ့ ကနေဒါ နိုင်ငံသား နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ မိုက်ကယ် စပါဗာနဲ့ မိုက်ကယ် ကော့ဗ်ရစ်ဂ်တို့ နှစ်ဦးဟာ ၂၀၁၈ တုန်းက မန်နဲ့ အချိန် သိပ်မခြားဘဲ တရုတ်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးလည်း ကနေဒါကို ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သူဟာ အိမ်ပြန်ရောက်လာပြီလို့ အသက် ၄၉ နှစ်အရွယ် မန်က တရုတ် သတင်းစာ Global Timesကို ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ အလံ လွှင့်ထူထားသ၍ မျှော်လင့်ချက် မီးရှူးတိုင်လို ထွန်းလင်းနေမှာဖြစ်ကြောင်း၊ တရုတ် အလံရဲ့ အနီရောင်ဟာ မျှော်လင့်ခြင်းကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်ကြောင်း မန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြောင့် ကနေဒါ အာဏာပိုင်တွေက မန်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မန်ဟာ ၂၀၁၈ ဒီဇင်ဘာ ၁ ရက်က၊ ဗန်ကူးဗား နိုင်ငံတကာ လေဆိပ်မှာ ထိန်းသိမ်း ခံခဲ့ရတာပါ။ သူဟာ ငွေကြေး မသမာမှု၊ အမေရိကန်က တားဆီးပိတ်ပင်ထားတဲ့ အီရန် အစိုးရကို ထောက်ပံ့ ကူညီမှုတွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန်က စွပ်စွဲပါတယ်။

နောက်ပိုင်းမှာ တရုတ်ကလည်း ကနေဒါ နိုင်ငံသား နှစ်ဦးကို သူလျှိုမှုနဲ့ ဖမ်းဆီးပြီး စပါဗာကို ထောင် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။ ကော့ဗ်ရစ်ဂ်ကတော့ အမှုစစ်ဆေးနေဆဲ ကာလမှာပဲ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ အမေရိကန်၊ ကနေဒါနဲ့ တရုတ်တို့ ကာလရှည်ကြာ ညှိနှိုင်းမှုတွေ ရှိခဲ့ပါတယ်။

မန်ရဲ့ ရှေ့နေတွေနဲ့ အမေရိကန် အစိုးရ ရှေ့နေတွေက သူ့အပေါ် စွပ်စွဲထားတဲ့ ငွေကြေး မသမာမှု စွဲချက်တွေနဲ့ ပတ်သက်လို့ ညှိနှိုင်း သဘောတူညီမှု ရခဲ့တဲ့နောက် ကနေဒါ တရားသူကြီး တစ်ဦးက မန်ကို ပြန်လွှတ်ပေးဖို့ အမိန့်ချခဲ့တာပါ။ Huaweiက ဒီအမှုနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ဆက်ပြီး တရားရင်ဆိုင်သွားမယ်လို့ ကြေညာထားပါတယ်။

တရုတ် အထင်ကရ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုရဲ့ အမှုဆောင်ကို ဖမ်းဆီးခဲ့တဲ့ ကိစ္စဟာ တရုတ်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး အတင်းမာဆုံး ကာလတွေမှာ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။