Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် TNLAကလည်း AA ထံ ကျပ်သိန်း ၅၀၀ လှူဒါန်း

မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီး ဆုံးရှုံးသွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု PSLF/TNLAက ယနေ့ ထုတ်ပြန်သည်။

(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)
(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)

မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုများပြားခဲ့သည့် ရခိုင်ဒေသ ပြည်သူများအတွက် တအာင်းတပ်မတော်(TNLA)ကလည်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံသို့ ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ရာ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးဇူးတင်လွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကျပ်သိန်း ၁၀၀၀ ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကကျပ်သိန်း ၃၀၀၀ ၊ကိုးကန့်တပ်မတော်(MNDAA)က ကျပ်သိန်း ၁၀၀၀ အသီးသီးလှူဒါန်းခဲ့သည်။

(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)
(မိုခါမုန်တိုင်း​ကြောင့် ပျက်စီးသွား​သော​နေအိမ်များကို ကူညီ​ဆောက်လုပ်​ပေး​နေ​​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Araken Princess)

မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီး ဆုံးရှုံးသွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု PSLF/TNLAက ယနေ့ ထုတ်ပြန်သည်။

“မုန်တိုင်းလေဘေးဒဏ်ကြောင့်ရက္ခိုင်ပြည်သူလူထုဒုက္ခရောက်နေသည့် အချိန်တွင် ယခုလို ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီ ပေးမှုအပေါ် မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

TNLAသည် AAနှင့် စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ပြုလုပ်ထားသည့်အဖွဲ့ဖြစ်သည်။

လက်ရှိတွင် ရခိုင်ဒေသပြည်သူများအတွက် AAကအ​ရေး​​ပေါ်ကယ်ဆယ်​ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေအိမ်များ ပြုပြင်တည်ဆောက်ခြင်း၊ လမ်းများ ရှင်းလင်းခြင်း၊ ပြိုလဲသစ်ပင်များ ရှင်းလင်းခြင်း စသည်တို့ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ ထို့ပြင် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကော်မတီတစ်ရပ်ကို AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ကာ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။