Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအား တော်လှန်နေသည့် အဖွဲ့များနှင့်အတူ လက်တွဲပြီးတိုက်ပွဲများဝင်ကြရမည်ဟု TNLAနှင့် MNDAAက AA ထံ သဝဏ်လွှာပို့

ယနေ့ (ဧပြီ ၁၀ရက်) ကျရောက်သည့် ULA/AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်ပြည့် အခမ်းအနားသို့ ၎င်း၏ မဟာမိတ်များဖြစ်သည့် TNLAနှင့် MNDAA တို့က သဝဏ်လွှာပေးပို့ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ညီနောင်မဟာမိတ် သုံးဖွဲ့ အနေဖြင့် စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့်အတူတကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများဝင်ကြရမည်ဖြစ်ကြောင်း TNLAနှင့် MNDAAက AA ထံ သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဧပြီ ၁၀ရက်) ကျရောက်သည့် ULA/AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်ပြည့် အခမ်းအနားသို့ ၎င်း၏ မဟာမိတ်များဖြစ်သည့် TNLAနှင့် MNDAA တို့က သဝဏ်လွှာပေးပို့ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့သည် အာဏာလု မြန်မာ့စစ်ကောင်စီမှ အာဏာမသိမ်းပိုက်မီ မြန်မာနိုင်ငံ၌ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများ အနည်းအကျဉ်းအားဖြင့် ရှိနေသည့် အခြေအနေအောက်၌ပင် အာဏာလု မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရ၏ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းမှုတို့ကို ခုခံကာကွယ်ခဲ့ကြရသူများဖြစ်ကြောင်းသဝဏ်လွှာ၌ ပါရှိသည်။

ယခုအခါ မြန်မာ့စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ပြည်မနှင့် တောင်တန်း မခွဲခြားတော့ဘဲတစ်နိုင်ငံလုံးရှိ ပြည်သူလူထုနှင့် ရပ်ရွာများအား မီးလောင်တိုက်သွင်း၍ ဖြတ်ဆီးသတ်ဖြတ်ခြင်း၊ အကျဉ်းချထားခြင်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှင့် လူမှုဘ၀အားလုံး ဖျက်ဆီးခံရကာ မသေချာ မရေရာမှုများ ပြည့်နှက်နေသော အခြေအနေတွင် ညီနောင် ၃ဖွဲ့ သည် အဆိုပါအခြေအနေတို့မှ လွတ်မြောက်နိုင်ရေး စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများနှင့် အတူတကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများ ဝင်သွားရမည်ဖြစ်ကြောင်း AA ထံ သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

TNLAနှင့် MNDAA အနေဖြင့် AAနှင့်အတူ ညီညွတ်စွာ ရပ်တည်ကာ ဆက်လက်၍ တိုက်ပွဲဝင်သွာမးည်ဖြစ်ကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။

TNLA၊MNDAAနှင့် AA တို့သည် ၀ အဖွဲ့(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲကဝင် အဖွဲ့အစည်းများဖြစ်သည်။

AAသည် စစ်တပ် အာဏာမသိမ်းမီ လပိုင်းအလို၌ စစ်ကောင်စီနှင့် အပစ်ရပ်စဲခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၂တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး မကြာမီပင် စစ်ကောင်စီနှင့် ဒုတိယ အကြိမ် အပစ်ရပ်စဲခဲ့သည့်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။