Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအား တော်လှန်နေသည့် အဖွဲ့များနှင့်အတူ လက်တွဲပြီးတိုက်ပွဲများဝင်ကြရမည်ဟု TNLAနှင့် MNDAAက AA ထံ သဝဏ်လွှာပို့

ယနေ့ (ဧပြီ ၁၀ရက်) ကျရောက်သည့် ULA/AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်ပြည့် အခမ်းအနားသို့ ၎င်း၏ မဟာမိတ်များဖြစ်သည့် TNLAနှင့် MNDAA တို့က သဝဏ်လွှာပေးပို့ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ညီနောင်မဟာမိတ် သုံးဖွဲ့ အနေဖြင့် စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့်အတူတကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများဝင်ကြရမည်ဖြစ်ကြောင်း TNLAနှင့် MNDAAက AA ထံ သဝဏ်လွှာပေးပို့သည်။

ယနေ့ (ဧပြီ ၁၀ရက်) ကျရောက်သည့် ULA/AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၄)နှစ်ပြည့် အခမ်းအနားသို့ ၎င်း၏ မဟာမိတ်များဖြစ်သည့် TNLAနှင့် MNDAA တို့က သဝဏ်လွှာပေးပို့ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့သည် အာဏာလု မြန်မာ့စစ်ကောင်စီမှ အာဏာမသိမ်းပိုက်မီ မြန်မာနိုင်ငံ၌ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများ အနည်းအကျဉ်းအားဖြင့် ရှိနေသည့် အခြေအနေအောက်၌ပင် အာဏာလု မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရ၏ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ချေမှုန်းမှုတို့ကို ခုခံကာကွယ်ခဲ့ကြရသူများဖြစ်ကြောင်းသဝဏ်လွှာ၌ ပါရှိသည်။

ယခုအခါ မြန်မာ့စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ပြည်မနှင့် တောင်တန်း မခွဲခြားတော့ဘဲတစ်နိုင်ငံလုံးရှိ ပြည်သူလူထုနှင့် ရပ်ရွာများအား မီးလောင်တိုက်သွင်း၍ ဖြတ်ဆီးသတ်ဖြတ်ခြင်း၊ အကျဉ်းချထားခြင်း နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှင့် လူမှုဘ၀အားလုံး ဖျက်ဆီးခံရကာ မသေချာ မရေရာမှုများ ပြည့်နှက်နေသော အခြေအနေတွင် ညီနောင် ၃ဖွဲ့ သည် အဆိုပါအခြေအနေတို့မှ လွတ်မြောက်နိုင်ရေး စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများနှင့် အတူတကွ ခိုင်မာစွာလက်တွဲကာ တိုက်ပွဲများ ဝင်သွားရမည်ဖြစ်ကြောင်း AA ထံ သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

TNLAနှင့် MNDAA အနေဖြင့် AAနှင့်အတူ ညီညွတ်စွာ ရပ်တည်ကာ ဆက်လက်၍ တိုက်ပွဲဝင်သွာမးည်ဖြစ်ကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။

TNLA၊MNDAAနှင့် AA တို့သည် ၀ အဖွဲ့(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲကဝင် အဖွဲ့အစည်းများဖြစ်သည်။

AAသည် စစ်တပ် အာဏာမသိမ်းမီ လပိုင်းအလို၌ စစ်ကောင်စီနှင့် အပစ်ရပ်စဲခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ၂၀၂၂တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး မကြာမီပင် စစ်ကောင်စီနှင့် ဒုတိယ အကြိမ် အပစ်ရပ်စဲခဲ့သည့်အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။