Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ထောက်ပံ့မယ့် အနောက်မဟာမိတ် နိုင်ငံတွေကို ရုရှား သတိပေး

အမေရိကန်ဟာ စစ်ရေးနည်းပညာတွေ ပေါက်ကြားနိုင်ခြေနဲ့ ပတ်သက်ရင် အရမ်း သတိကြီးကြီး ထားလေ့ ရှိတာကြောင့် F-16တွေကို လွှဲပြောင်းပေးရေး ကိစ္စနဲ့ ပတ်သက်ရင် ဘက်ပေါင်းစုံက ထောင့်စေ့အောင် ပြန်စဉ်းစားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ထောက်ပံ့မယ့် အနောက်မဟာမိတ် နိုင်ငံတွေကို ရုရှား သတိပေး
ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ထောက်ပံ့မယ့် အနောက်မဟာမိတ် နိုင်ငံတွေကို ရုရှား သတိပေး

ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးမယ့် အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ဟာ မှန်းဆရခက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ကြောင်း ရုရှားက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်ရာမှာ ပိုပြီး ထိရောက်စေဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပေးပို့ကြဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ကာလရှည်ကြာ ပန်ကြား တောင်းဆိုမှုဟာ အခုသီတင်းပတ်မှာတော့ အသီးအပွင့်တွေ စတင် ခံစားလာရပါပြီ။ အမေရိကန် အစိုးရက ယူကရိန်းဆီကို F-16တွေ တိုက်ရိုက် ထောက်ပံ့ဖို့ ငြင်းဆိုနေဆဲ ဖြစ်ပေမယ့် ဥရောပ မဟာမိတ်တွေက ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေ လွှဲပြောင်းပေးရေး ကိစ္စကိုတော့ တားမြစ်မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်း လေယာဉ်မှူးတွေကို F-16တွေ ကိုင်တွယ် မောင်းနှင်ရာမှာ ကူညီ လေ့ကျင့်ပေးဖို့လည်း သဘောတူခဲ့ပါတယ်။

F-16တွေဟာ ယူကရိန်း လေတပ်က လက်ရှိ ပိုင်ဆိုင်ထားသမျှ တိုက်လေယာဉ် အားလုံးထက် နည်းပညာပိုင်း သာလွန်သလို တာဝေးပစ် စစ်လက်နက်တွေကိုပါ တပ်ဆင်နိုင်စွမ်း ရှိပါတယ်။ F-16တွေကို စတင်လက်ခံ ရရှိလာမယ်ဆိုရင် ယူကရိန်းရဲ့ လေတပ်ကို ထင်သာမြင်သာ အဆင့်မြှင့်ရာ ရောက်လာမယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ အမေရိကန် အစိုးရကတော့ F-16တွေလို စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ လေကြောင်းကာကွယ်ရေး လက်နက်တွေကို ကျော်လွှားနိုင်ဖို့ မလွယ်ကြောင်း သတိပေးခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဂရုရှ်ကိုကတော့ အနောက်နိုင်ငံတွေဟာ လက်ရှိ ပဋိပက္ခကို ပိုပြီး အရှိန်မြှင့်ပေးလိုက်တဲ့ သဘောပဲလို့ ဝေဖန်ပါတယ်။ ယူကရိန်းကို F-16တွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်လိုက်တာဟာ အဲဒီ နိုင်ငံတွေ အနေနဲ့ ကိုယ့်ဒုက္ခကိုယ် အကြီးကြီး ရှာလိုက်တာဖြစ်ကြောင်း၊ ယူကရိန်းမှာ F-16တွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရုရှားဟာ ကိုယ့်ရည်မှန်းချက်တွေ အထမြောက်အောင် မမှိတ်မသုန် ရှေ့ဆက်မှာဖြစ်ပြီး အဲဒီအတွက် လိုအပ်တာ မှန်သမျှ လုပ်သွားမှာဖြစ်ကြောင်း ဂရုရှ်ကိုက ဆက်ပြောပါတယ်။

အခုသီတင်းပတ်မှာတော့ ဗြိတိန်နဲ့ နယ်သာလန် အစိုးရတွေက ဦးဆောင်ပြီး ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ကူညီ ထောက်ပံ့နိုင်ရေး နိုင်ငံတကာ အစုအဖွဲ့တခုကို ဦးဆောင် ထူထောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ နယ်သာလန် အပါအဝင် အနောက်ဥရောပ နိုင်ငံတချို့မှာ F-16တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားကြပါတယ်။

အမေရိကန်ဟာ စစ်ရေးနည်းပညာတွေ ပေါက်ကြားနိုင်ခြေနဲ့ ပတ်သက်ရင် အရမ်း သတိကြီးကြီး ထားလေ့ ရှိတာကြောင့် F-16တွေကို လွှဲပြောင်းပေးရေး ကိစ္စနဲ့ ပတ်သက်ရင် ဘက်ပေါင်းစုံက ထောင့်စေ့အောင် ပြန်စဉ်းစားခဲ့တာ ဖြစ်ပါတယ်။

ဇီလန်စကီးဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်လာချိန် ကတည်းက ယူကရိန်းမှာ F-16 တိုက်လေယာဉ်တွေ လိုအပ်နေကြောင်း အစဉ်တစိုက် တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ယူကရိန်း လေယာဉ်မှူး တချို့ဟာ ဥရောပ မဟာမိတ်တွေဆီမှာ F-16 တိုက်လေယာဉ်တွေ လေ့ကျင့် မောင်းနှင်တဲ့ အစီအစဉ်တွေ စတင်နေပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။