Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကိုစစ်လက်နက်တွေ ထောက်ပံ့မှုမှာ ဒေါ်လာ ၃ ဘီလီယံဖိုးလောက် စာရင်းမှားတွက်ခဲ့တဲ့ ပင်တဂွန်စစ်ဌာနချုပ်

စာရင်းနဲ့ပတ်သက်လို့ အငြင်းပွားစရာ အခြေအနေတွေ ကြုံလာတဲ့နောက် ပင်တဂွန်ဟာ စစ်လက်နက် အဟောင်းနဲ့အသစ်တွေရဲ့ တန်ဖိုးတွေကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာကို မူဝါဒတွေ သေချာ ပြန်ချမှတ်ခဲ့ရကြောင်းလည်းသိရပါတယ်။

ယူကရိန်းကိုစစ်လက်နက်တွေ ထောက်ပံ့မှုမှာ ဒေါ်လာ ၃ ဘီလီယံဖိုးလောက် စာရင်းမှားတွက်ခဲ့တဲ့ ပင်တဂွန်စစ်ဌာနချုပ်
ယူကရိန်းကိုစစ်လက်နက်တွေ ထောက်ပံ့မှုမှာ ဒေါ်လာ ၃ ဘီလီယံဖိုးလောက် စာရင်းမှားတွက်ခဲ့တဲ့ ပင်တဂွန်စစ်ဌာနချုပ်

ယူကရိန်းဆီပေးပို့ ကူညီတဲ့ စစ်လက်နက်နဲ့ ပစ္စည်းတွေ တန်ဖိုးကို ဒေါ်လာ ၃ ဘီလီယံဖိုးလောက် ပိုပိုသာသာမှားယွင်း တွက်ချက်မိခဲ့ကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

ရှိရင်းစွဲတန်ဖိုးတွေထက်ပိုပြီး တွက်ဆမိတဲ့ စာရင်းအမှား တန်ဖိုးဟာ ဒေါ်လာ ၃ ဘီလီယံနီးပါးလောက်ပိုနေကြောင်း၊ တနည်းအားဖြင့် ယူကရိန်းက ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေရာမှာ
အမေရိကန်က ပါဝင် ကူညီဖို့အတွက် လက်နက် ဝယ်ယူရေး စရိတ်တွေ ပိုပိုသာသာ ကျန်နေသေးတဲ့ သဘောဖြစ်ကြောင်းပင်တဂွန်က ဆိုပါတယ်။

မတ်လတုန်းကဌာနတွင်း စာရင်းစစ် လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့နောက် အခုလို စာရင်းကွာဟမှုတွေကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက သတိပြုမိခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် စစ်တပ်မှာ ရှိရင်းစွဲ အသုံးပြုနေတဲ့စစ်လက်နက်တွေထဲက ယူကရိန်းဆီ ခွဲဝေပေးတာတွေကို စစ်လက်နက် အသစ်ကျပ်ချွတ်တွေရဲ့ တန်ဖိုးနဲ့မှားယွင်း တွက်ချက်မိလို့ အခုလို စာရင်းကွာနေတာလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ဌာနချုပ်လည်းဖြစ်တဲ့ ပင်တဂွန်က ဖြေရှင်းပါတယ်။

မနှစ်ကဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန်ကတည်းက သမ္မတ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်စစ်တပ်မှာ အသုံးပြုနေတဲ့ထဲက တန်ဖိုး ဒေါ်လာ ၂၁.၁ ဘီလီယံလောက်ရှိတဲ့ စစ်လက်နက်နဲ့ တခြားစစ်သုံးပစ္စည်းတွေကို ယူကရိန်းဆီ လွှဲပြောင်း ပေးပို့စေခဲ့ပါတယ်။ ဒါပေမဲ့ အသစ်ကျပ်ချွတ်မဟုတ်တော့တဲ့ အဲဒီ စစ်လက်နက်တွေရဲ့ ပကတိ တန်ဖိုးဟာ ဒေါ်လာ ၁၈ ဘီလီယံ ဝန်းကျင်လောက်သာရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒေါ်လာ ၂.၇ ဘီလီယံလောက် စာရင်းကွာနေပြီး အဲဒီ ငွေတွေဟာယူကရိန်းကို ဆက်လက် ထောက်ပံ့ဖို့ ပိုလျှံနေသေးတဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

စာရင်းနဲ့ပတ်သက်လို့ အငြင်းပွားစရာ အခြေအနေတွေ ကြုံလာတဲ့နောက် ပင်တဂွန်ဟာ စစ်လက်နက် အဟောင်းနဲ့အသစ်တွေရဲ့ တန်ဖိုးတွေကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာကို မူဝါဒတွေ သေချာ ပြန်ချမှတ်ခဲ့ရကြောင်းလည်းသိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။