Connect with us

Hi, what are you looking for?

News

ဂွမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ထောင် ၂ နှစ်ကျော်ချ

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ကုတ်မြို့နယ် NLD ပြည်နယ်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် ကို အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် ထောင်ဒဏ် ၂ နှစ် နဲ့ ၂ လ ချထားတာရှိပါတယ်။

အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြတဲ့ ရခိုင်ပြည်နယ် NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၁ဦး ကို စစ်ကောင်စီ က ထောင်ဒဏ် ၂ နှစ်ကျော် ချလိုက်ပါတယ်။

ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့် ကို ဒီနေ့မှာ ဂွမြို့နယ် တရားရုံးက အမိန့်ချ လိုက်တာလို့ ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနကဖော်ပြထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်ကို ပုဒ်မ၅၀၅(ခ) ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ၃၀(က) တို့နဲ့ ဖမ်းဆီးထားတာဖြစ်ပြီးဒီနေ့မှာတော့ ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လချလိုက်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ကုတ်မြို့နယ် NLD ပြည်နယ်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် ကို အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် ထောင်ဒဏ် ၂ နှစ် နဲ့ ၂ လ ချထားတာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဦးရဲခေါင်ညွှန့်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အတွက်ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

ရေကြီးရေလျှံဖြစ်နေပြီး တမြို့နယ်လုံးနီးပါး ရေဘေးသင့်နေတဲ့ ဂွမြို့နယ်အတွင်းက ကွင်းလျားရှည်၊ ရဟိုင်ကွင်း၊ ကျောင်းကုန်းစတဲ့ လူနေကျေးရွာတွေအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော်ကြဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။