Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်ကျော်လာမယ့် မြောက်ကိုရီးယား ဒုံးပျံ အစိတ်အပိုင်း မှန်သမျှကို ပစ်ချမယ်လို့ ဂျပန်ပြော

မြောက်ကိုရီးယားဟာ အရင်ကလည်း ဂျပန်လေပိုင်နက်ရဲ့ အထက် ကမ္ဘာ့လေထု အပြင်ကနေ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

နယ်ကျော်လာမယ့် မြောက်ကိုရီးယား ဒုံးပျံ အစိတ်အပိုင်း မှန်သမျှကို ပစ်ချမယ်လို့ ဂျပန်ပြော
နယ်ကျော်လာမယ့် မြောက်ကိုရီးယား ဒုံးပျံ အစိတ်အပိုင်း မှန်သမျှကို ပစ်ချမယ်လို့ ဂျပန်ပြော

နိုင်ငံပိုင်နက်နဲ့ အနီးတဝိုက်ကို ကျရောက်လာမယ့် မြောက်ကိုရီးယား ဒုံးပျံ အစိတ်အပိုင်း မှန်သမျှကို ပစ်ချသွားမယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက သတိပေး ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား စစ်တပ်က မေလ ၃၁ ကနေ ဇွန်လ ၁၁ ရက် အတောအတွင်း နိုင်ငံရဲ့ ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တုကို လွှတ်တင်ဖို့ အစီအစဉ် ရှိနေကြောင်း ဂျပန် အစိုးရဆီ ဆက်သွယ် အသိပေးထားပါတယ်။ အဲဒီ လွှတ်တင်မှုမှာ ဒုံးပျံ အစိတ်အပိုင်း တချို့ဟာ ဂျပန်ကမ်းလွန်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ရေပြင်ကိုလည်း ကျရောက်ကောင်း ကျရောက်နိုင်တယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။

အဲဒီနောက် ဂျပန်က လေကြောင်းကာကွယ်ရေး တပ်ဖွဲ့တွေကို အသင့်အနေအထား တပ်လှန့်ထားစေခဲ့ပါတယ်။ ပြီးတော့ ဂျပန်ရဲ့ ပိုင်နက်နဲ့ ပြည်သူလူထုကို အန္တရာယ် ဖြစ်လာစေနိုင်လောက်တဲ့ ဘယ်လို ဒုံးပျံ အစိတ်အပိုင်းမျိုးမဆို နယ်ကျော်လာတာနဲ့ ပစ်ချမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

တိုက်ချင်းပစ် ဒုံးကျည်ဖြစ်ဖြစ်၊ ဒုံးပျံဖြစ်ဖြစ် ဂျပန် ပိုင်နက်ထဲ ကျဆင်းလာမယ် ဆိုတာ အတည်ပြုနိုင်တာနဲ့ ဖျက်ဆီးပစ်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဂျပန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံရဲ့ ပထမဆုံး ဂြိုဟ်တု လွှတ်တင်မှုကို အကောင်အထည်ဖော်ဖို့ အပြီးသတ် လုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဧပြီလတုန်းက ပြောကြားခဲ့ဖူးပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားတို့က မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုလွှတ်တင်မယ့် ကိစ္စဟာ ပဲ့ထိန်းဒုံးကျည် နည်းပညာတွေနဲ့ ဆက်နွှယ်နေပြီး ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာ ရောက်နေကြောင်း ဝေဖန် စွပ်စွဲခဲ့ပေမယ့် မြောက်ကိုရီးယားကတော့ ဂြိုဟ်တု လွှတ်တင်တယ် ဆိုတာဟာ နိုင်ငံတိုင်းရဲ့ အခြေခံ ရပိုင်ခွင့် တခုလို့ တုံ့ပြန်ထားပါတယ်။

ဂျပန် ကမ်းခြေစောင့်တပ်က မြောက်ကိုရီးယားဆီက အီးမေးလ်ပေးပို့ အသိပေးထားတဲ့ ကိစ္စကို အတည်ပြုခဲ့ပြီး မြောက်ကိုရီးယား ဒုံးပျံ အစိတ်အပိုင်းတွေဟာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နဲ့ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း ရေပြင်တွေဆီ ကျရောက်နိုင်ခြေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အရင်ကလည်း ဂျပန်လေပိုင်နက်ရဲ့ အထက် ကမ္ဘာ့လေထု အပြင်ကနေ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်တင် သင်္ဘောရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ဂျပန်ရေတပ်က ရန်စတဲ့ သဘောဆန်ဆန် အနှောင့်အယှက် ပေးခဲ့ကြောင်း တရုတ် ရေတပ်က စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရေတပ်ကို နျူကလီးယားလက်နက် တပ်ဆင်မှာ ဖြစ်သလို ပိုပြီးကြီးမားတဲ့ စစ်သင်္ဘောကြီးတွေနဲ့ အားဖြည့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်အင်အား ချဲ့ထွင် တည်ဆောက်မှုကို အရှိန်အဟုန်နဲ့ တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။