Connect with us

Hi, what are you looking for?

သတင်း

တစ်လကျော်အတွင်း စစ်ဆင်ရေး (၉)ကြိမ် ပြုလုပ်ခဲ့ရာ ရန်သူ့တပ်သား ၅ ဦးသေပြီး ၂၇ ဦးထိခိုက်ဟု DCC ပြော

ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column-DCC)တွင် Eastern Defense Force – EDF၊ Dawei DefenseTeam – DDT၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(DSPDF)စသည့် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်သည်။

(ထားဝယ်စုပေါင်းစစ်ကြောင်းမှတပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-DCC)
(ထားဝယ်စုပေါင်းစစ်ကြောင်းမှတပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-DCC)

ထားဝယ်မြို့နယ်တွင် တစ်လအတွင်း စစ်ဆင်ရေး (၉)ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ ၂၇ ဦးရှိသည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ် ကြောင်း(DCC)မှ ယနေ့(ဇွန် ၁)အသိပေးထုတ်ပြန် သည်။

အဆိုပါစစ်ဆင်ရေးများကိုထားဝယ်မြို့နယ်တွင်းစစ်ကောင်စီအထိုင်ချထားသည့် ပကာရီရဲစခန်း၊ ဥယျာဥ်ကြီးရွာ၊ ပခပ်ရွာနှင့် ၈ မိုင်ဂိတ်တို့ကို ထိုးစစ်ဆင်မှု ၂ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်နှင့် ထိတွေ့မှု ၅ ကြိမ် အသီးသီးဖော်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

(ထားဝယ်စုပေါင်းစစ်ကြောင်းမှတပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-DCC)
(ထားဝယ်စုပေါင်းစစ်ကြောင်းမှတပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-DCC)

တိုက်ခိုက်မှုများကို ၂၀၂၂ ခုနှစ်ဧပြီ ၉ ရက်မှ မေ ၂၂ ရက်အထိလုပ်ဆောင်ခဲ့ပြီး စစ်​ကောင်စီတပ်မှ ၅ ဦးသေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့သည်ဟု DCC က အသိပေးသည်။ စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရမှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ။

“ဒီထက်မက ပိုမိုကောင်းမွန်တဲ့ တိုက်ပွဲတွေကိုဆက် လက်ဖော်ဆောင်သွားမှာပါ။ ပြည်သူတွေအနေဖြင့် စစ်ရေးသတိအမြဲရှိကြပြီး တိုက်ပွဲဖြစ်ပွားရာအနီးမနေထိုင်ကြရန် ၊ ခရီး

Public Service Announcement

Public Service Announcement

သွားလာခြင်းဆင်ခြေကြရန်တောင်းဆိုပါတယ်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်း (DCC)မှတာဝန်ရှိသူတစ်ဦးPeople’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အထက်ပါ စစ်ဆင်ရေးများကို ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ကူညီပံ့ပိုးမှုများဖြင့်သာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း၊ ယခုအခါတွင် စစ်ကြောင်းမှ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမနှင့် ၁၂၀ မမ ဗုံးသီးများ ဆက်လက်ထုတ် လုပ်နိုင်ရန် ကူညီပံ့ပိုးမှုများ လိုအပ်လျှက်ရှိ၍ ပါဝင်အားဖြည့်ကူညီပေးကြရန် နှိုးဆော်ထားသည်။

ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column-DCC)တွင် Eastern Defense Force – EDF၊ Dawei DefenseTeam – DDT၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(DSPDF)စသည့် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။