Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်ရှိ စစ်​ကောင်စီတပ်၏ဘုရားမဲဂိတ်ကိုPDF များတိုက်ခိုက်

စစ်ကောင်စီ၏ ခမရ(၄၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဘုရားမဲဂိတ်ကို ထားဝယ်ခရိုင်၊တပ် ရင်း(၁)မ၊ တပ်ခွဲ(၂)၊ DGRF၊ ဧဒင်မှူး၊ Aline Force အဖွဲ့များပူးပေါင်းပြီး မေလ ၁၄ ရက်နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲခန့်အထိ ၁နာရီကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တိုက်ပွဲဖြစ်ပွားသည့် စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်နေရာပြ မြေပုံအား တွေ့ရစဥ်)
(တိုက်ပွဲဖြစ်ပွားသည့် စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်နေရာပြ မြေပုံအား တွေ့ရစဥ်)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် PDFတပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ခမရ(၄၀၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဘုရားမဲဂိတ်ကို ထားဝယ်ခရိုင်၊တပ် ရင်း(၁)မ၊ တပ်ခွဲ(၂)၊ DGRF၊ ဧဒင်မှူး၊ Aline Force အဖွဲ့များပူးပေါင်းပြီး မေလ ၁၄ ရက်နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲခန့်အထိ ၁နာရီကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ အခုက သူတို့ဖက်က အမြဲတိုက်ခိုက်ခံနေရတော့ အဆင်သင့် အနေအထားမှာ ရှိနေပါတယ်” ဟု ဘုရားမဲစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ၏ အခြေအနေကို ထားဝယ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် အဆိုပါစစ်ဆေးရေးဂိတ်ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ၏ မကြာခဏတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက ရေဖြူအခြေစိုက် ခမရ(၄၀၆)မှ စစ်သား ၃၀မှ ၅၀ခန့်အထိ ထပ်တိုးအစောင့်ချပေးထားသည်ကို တွေ့ရသည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပြန်ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်နှစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ မဲစာရင်းစစ်ဆေးသူနဲ့ သတင်းပေး (ဒလန်)လုပ်နေသူတွေရဲ့နေအိမ်တွေအထိ လိုက်လံသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည်က ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။