Connect with us

Hi, what are you looking for?

သတင်း

MNDAA နှင့် တိုက်ပွဲစစ်ကောင်စီတပ် သေဆုံးမှုရှိဟု ကိုးကန့်သတင်းရင်းမြစ်ပြော

ကိုးကန့်ဒေသ မုံးကိုးခရိုင်တစ်နေရာ၌ ဇွန်လ ၂၉ရက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေ မသိရသေးဟု ဆိုသည်။

(ကိုးကန့်စစ်မြေပြင်တွင် စစ်ကောင်စီတပ်ထံမှ MNDAAက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိစဥ်။ ဓာတ်ပုံ - The Kokang)
(ကိုးကန့်စစ်မြေပြင်တွင် စစ်ကောင်စီတပ်ထံမှ MNDAAက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိစဥ်။ ဓာတ်ပုံ - The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

ကိုးကန့်ဒေသ မုံးကိုးခရိုင်တစ်နေရာ၌ ဇွန်လ ၂၉ရက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အခြေအနေ မသိရသေးဟု ဆိုသည်။

“ငါတို့ နည်းနည်း သတင်းကြားတယ် စစ်ကောင်စီဘက်မှာ ငါးဦးကျတယ်လို့။ ဒါပေမဲ့ တိတိကျကျ သေချာတဲ့ သတင်း ဒီမှာမသိရသေးဘူး။ ဖြစ်တာက မုံးကိုးခရိုင်ပဲမနေ့က”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ကချင်သတင်းဌာန Kachinwaves ၏ တိုက်ပွဲသတင်းဖော်ပြချက်တွင် ဇွန်လ ၂၉ရက်က မူဆယ်မြို့နယ် မုံးပေါ်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ ယမန်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားရာ MNDAAဘက်မှ သုံးဦးဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုမသိရသေးဟုဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် မိုဖန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က MNDAA တပ်စခန်းရှိရာသို့ လက်နက်ကြီးများ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ယခုဇွန်လ ပထမပတ်အတွင်းကလည်း ကိုးကန့် မုံးကိုးနှင့် လောက်ကိုင်ဒေသများ၌ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ MNDAAနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။