Connect with us

Hi, what are you looking for?

သတင်း

ကသာ၊ အထက်ဝဲကြီးရွာရောက် စစ်ကောင်စီတပ်ကကို KIA ၊PDF ပူးပေါင်းတိုက်ခိုက်

ယခုရက်ပိုင်းတွင် ကသာနှင့်ထီးချိုင့်အပါအဝင်ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်ဒေသများတွင် စစ်ကောင်စီစစ်ကြောင်းများ တကျော့ပြန်လှုပ်ရှားလာ၍ ပြည်သူများ စစ်ရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

ကသာ၊ အထက်ဝဲကြီးရွာရောက် စစ်ကောင်စီတပ်ကကို KIA ၊PDF ပူးပေါင်းတိုက်ခိုက်
ကသာ၊ အထက်ဝဲကြီးရွာရောက် စစ်ကောင်စီတပ်ကကို KIA ၊PDF ပူးပေါင်းတိုက်ခိုက်

ကသာမြို့နယ်၊ အထက်ဝဲကြီးရွာတွင် ယမန်‌‌နေ့(ဇူလိုင် ၇ရက်)ကစစ်‌ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောသည်။

ရွှေပြည်သစ်ရွာမှ ထွက်လာပြီး အထက်ဝဲကြီးရွာသို့ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို KIAနှင့်အတူ မိုးတားတိုက်နယ်ပကဖ၊ မြို့မတိုက်နယ်ပက၊ ဟာရီကိန်းကင်းထောက် ဒရုန်းအဖွဲ့တို့ကဇူလိုင်လ ၇ရက် နံနက် ၉နာရီခန့်တွင် ဒရုန်းဖြင့်စတင်တိုက်ခိုက်ခဲ့သည်။ထို့​နောက် လက်နက်ကြီးလက်နက်ငယ်များ ဖြင့်တိုက်ခိုက်ခဲ့သည်ဟု ကသာမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကသာ၊ အထက်ဝဲကြီးရွာရောက် စစ်ကောင်စီတပ်ကကို KIA ၊PDF ပူးပေါင်းတိုက်ခိုက်
ကသာ၊ အထက်ဝဲကြီးရွာရောက် စစ်ကောင်စီတပ်ကကို KIA ၊PDF ပူးပေါင်းတိုက်ခိုက်

” အထက်ဝဲကြီးရွာတိုက်ခိုက်မှုမှာ စစ်ကောင်စီဖက်က ပြန်တောင်မပစ်နိုင်ဘူး။ဝေဟင်ရောမြေပြင်ကပါချတာ။ သူတို့ ရွှေပြည်သစ်ရွာကို ပြန်ဝင်သွားတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်ကဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူ မသိရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းကို ဇူလိုင်လ ၁၄ရက်ကလည်း မြေနုကျေးရွာနှင့်မိုးတားလေးကျေးရွာတွင် KIA နှင့်မိုးတားတိုက်နယ် ပကဖ၊ မြို့မတိုက်နယ်ပကဖက ပူးတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement
Public Service Announcement

ယခုရက်ပိုင်းတွင် ကသာနှင့်ထီးချိုင့်အပါအဝင်ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထိစပ်ဒေသများတွင် စစ်ကောင်စီစစ်ကြောင်းများ တကျော့ပြန်လှုပ်ရှားလာ၍ ပြည်သူများ စစ်ရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

ယ‌နေ့(ဇူလိုင် ၈ရက်) နံနက် ၄နာရီခန့်တွင် ထီးချိုင့်မြို့၊ မြသိန်းတန်ဆိပ်ကမ်းမှ ထွက်ခွာလာပြီး အင်အား ၅၀ခန့်ပါသော သံခွန်‌ေရယာဥ်တစ်စီးသည် ကသာမြို့နယ် အင်းတိုက်နယ်၊ သပြေသာရွာသို့ရောက်ရှိနေကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ