Connect with us

Hi, what are you looking for?

သတင်း

လက်ရှိနိုင်ငံရေး အပြောင်းအလဲအပေါ် NUCCနှင့် NUG အထူးအစည်းအဝေးပြုလုပ်

NUCC/NUG က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ် ယုံကြည်ပြီး ရှေ့ဆက်သွားရင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယူဆကြောင်း NUCC ကောင်စီဝင် ဒေါ်ခေတ်ငြိမ်းအေးက ပြောကြားခဲ့သည်ဟုဆိုသည်။

လက်ရှိနိုင်ငံရေး အပြောင်းအလဲအပေါ် NUCCနှင့် NUG အထူးအစည်းအဝေးပြုလုပ်
လက်ရှိနိုင်ငံရေး အပြောင်းအလဲအပေါ် NUCCနှင့် NUG အထူးအစည်းအဝေးပြုလုပ်

▪️အာဏာရှင်လုံး၀အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးသည် အရေးကြီးဆုံးလမ်းကြောင်းဖြစ်ဟု NUG အသိပေး

“ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်”

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အထူးအစည်းအဝေး ယနေ့ကျင်းပခဲ့ပြီး လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး သုံးသပ်ဆွေးနွေးခဲ့ကြောင်း NUGက ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၃၁ရက်) ညနေ ၄နာရီတွင် ကျင်းပခဲ့သည့် အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် NUCC ကောင်စီဝင်များ စုစုပေါင်း ၇၂ဦး တက်ရောက်ခဲ့ကြောင်း ဖော်ပြသည်။ အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် NUCC ကောင်စီဝင် ဒေါ်ခေတ်ငြိမ်းအေးတို့မှ အဖွင့်စကားပြောကြားခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရှိပါတယ်။ (၁) အာဏာရှင်လုံးဝအမြစ်ပြတ်ရေးနဲ့ (၂) ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးသာ အဓိကဖြစ်ပါတယ်။ အရေးကြီးဆုံး လမ်းကြောင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်း (political path) ကရပြီးသားဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲဖြစ်ဖြစ်၊ ခြိမ်းခြောက်မှုပဲဖြစ်ဖြစ် အကြမ်းဖက်စစ်အုပ်စု အကွက်ဆင်တဲ့ဘက် မလိုက်သွားဖို့ အရေးကြီးပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိနိုင်ငံရေး အပြောင်းအလဲအပေါ် NUCCနှင့် NUG အထူးအစည်းအဝေးပြုလုပ်
လက်ရှိနိုင်ငံရေး အပြောင်းအလဲအပေါ် NUCCနှင့် NUG အထူးအစည်းအဝေးပြုလုပ်

NUCC/NUG က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ် ယုံကြည်ပြီး ရှေ့ဆက်သွားရင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယူဆကြောင်း NUCC ကောင်စီဝင် ဒေါ်ခေတ်ငြိမ်းအေးက ပြောကြားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“အစိုးရအပြောင်းအလဲ (regime change) မဟုတ်ပဲ၊ စနစ်အပြောင်းအလဲ (system change) ဖြစ်ပါတယ်။ စစ်အုပ်စုက သပ်လျှိုလာတာတွေက နည်းလမ်းမျိုးစုံသုံးနေတယ်ယုံကြည်ပါတယ်။ ဘယ်လိုဖြစ်လာပါစေ ခေါင်းဆောင်များ/အစုအဖွဲ့ကြား အားလုံးညီညီညွတ်ညွတ် ရှေ့ဆက်သွားကြဖို့ လိုပါတယ်”ဟု ဒေါ်ခေတ်ငြိမ်းအေးက ပြောကြားသည်။

အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သော လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း NUGက ထုတ်ပြန်ခဲ့ပြီး အသေးစိတ် အခြေအနေများကို ဖော်ပြခြင်းမရှိပေ။

အစည်းအဝေးနိဂုံးချုပ်စကားကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပါက NUG၏ နိုင်ငံရေးလမ်းကြောင်း အပြောင်းအလဲ အပေါ် သဘောထားကို ပြောပြခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး။ ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်။ ကျနော်တို့မပြောင်းပါဘူးလို့ ဒီအစည်းအဝေးမှာလည်းပြောချင်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်မည် မဟုတ်ကြောင်း၎င်းက ဆိုသည်။

“အဓိကက အကြမ်းဖက်စစ်အုပ်စုပြုတ်ကျဖို့ လိုအပ်နေပါတယ်။ ဝိုင်းဝန်းဆောင်ရွက်ကြရင်မဖြစ်နိုင်စရာမရှိပါဘူး”ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။