Connect with us

Hi, what are you looking for?

သတင်း

NUGနှင့် ပူးပေါင်းဆောင်ရွက်မှုအားလျှော့ချရန် သုံးသပ်နေသည်ဟု ပြောဆိုခြင်းမရှိကြောင်း ပဒိုမန်းမန်း ရှင်းလင်း

စစ်ရေး၊ နိုင်ငံရေး ၊ သံတမန်ရေး အဘက်ဘက်က အထိနာနေသည့် စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က NUG၊ PDFကို လက်မခံဟု ပြောကြားကြောင်း ဝါဒဖြန့်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

NUGနှင့် ပူးပေါင်းဆောင်ရွက်မှုအားလျှော့ချရန် သုံးသပ်နေသည်ဟု ပြောဆိုခြင်းမရှိကြောင်း ပဒိုမန်းမန်း ရှင်းလင်း
NUGနှင့် ပူးပေါင်းဆောင်ရွက်မှုအားလျှော့ချရန် သုံးသပ်နေသည်ဟု ပြောဆိုခြင်းမရှိကြောင်း ပဒိုမန်းမန်း ရှင်းလင်း

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု လျှော့ချရန် KNU အနေဖြင့်သုံးသပ်နေဟု လူမှုကွန်ရက်၌ ဖြန့်ဝေလျက်ရှိရာ ယင်းအပေါ် ကရင်တော်လှန်ရေးသမားတစ်ဦးဖြစ်သည့် ပဒိုမန်းမန်းက သတင်းတုသာဖြစ်သည်ဟု ရှင်းပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီတွေ့ဆုံဆွေးနွေးပွဲလုပ်ပါက CRPH/NUGလည်း ဒေါ်အောင်ဆန်းစုကြည် လျှောက်သည့်လမ်းကို လိုက်မည်ဖြစ်၍ NUGနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းများ အားလုံးကိုလျှော့ချပစ်ရန် KNU အနေဖြင့် ပြန်လည်သုံးသပ်နေသည်ဟု ပဒိုမန်းမန်းက ပြောဆိုကြောင်း စာသားနှင့် ပဒိုမန်းမန်း ပုံတို့အား ပူးတွဲဖော်ပြကာ ဖြန့်ဝေမှုများ ရှိနေသည့်အပေါ် ပဒိုမန်းမန်းက ထိုသို့ သဘောပြောဆိုခြင်းမရှိဟု ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်အားအသုံးချပြီး နွေဦးတော်လှန်ရေးရပ်တန့်အောင် စစ်ကောင်စီကြိုး ပမ်းနေမှုသည် ယခင်စစ်အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့သည့် နည်းလမ်းဟောင်းဖြစ်ကြောင်း ကရင်တော်လှန်ရေးသမား ပဒိုမန်းမန်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့ကြောင်းသတင်းထွက်လာခြင်းနှင့်ပတ်သက်ပြီး ကိုသက်ထွေးနိုင်၏ မေးမြန်းချက်ကို ပဒိုမန်းမန်းက ဖြေကြားရာ၌ ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း ဒီတကြိမ်မှာကတော့ အရင်ကလိုမျိုး စစ်ကောင်စီကို လျှော့လျှော့ပေါ့ပေါ့နဲ့ တော့ ဖြေလျှော့မယ်လို့တော့ ကျနော်ကတော့ အဲဒီလို မယူဆတော့ဘူး။ အဲဒီလို မျိုးမယုံကြည်ဘူး”ဟုလည်း ပဒိုမန်းမနြ်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်သည် အကြမ်းဖက်မှုကို လက်မခံသည့် ရပ်တည်ချက်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ဒီလိုမျိုးဆက်ရပ်တည်နေတဲ့အပေါ် PDFနဲ့ NUG ကို လက်မခံပါဘူးဆိုတဲ့ဟာနဲ့ တွဲစဉ်းစားလို့မရဘူးလို့ ကျနော်မြင်ပါတယ်။ ပိုပြီးတော့ ပေါ်လွန်အောင် ပြောရမယ်ဆိုရင်တော့ အကြမ်းဖက်မှုကို လက်မခံဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်ခြင်းအားဖြင့်က ဒါကတော့ စစ်ကောင်စီကို လက်မခံတာကို ပြောတာနဲ့ အတူတူပဲလို့တောင် ပြောလို့ရပါတယ်”ဟု ပဒိုမန်းမန်းက ပြောသည်။

စစ်ရေး၊ နိုင်ငံရေး ၊ သံတမန်ရေး အဘက်ဘက်က အထိနာနေသည့် စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က NUG၊ PDFကို လက်မခံဟု ပြောကြားကြောင်း ဝါဒဖြန့်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ကောင်စီက လုပ်မည့် နိုင်ငံရေးအခင်းအကျင်းအတိုင်း လုပ်ဆောင်မည်ဟု မယူဆကြောင်း ပဒိုမန်းမန်းက ၎င်း၏ အမြင်ကို ပြောပြသည်။

အကယ်၍ နိုင်ငံရေးပြဿနာများ အဖြေရှာရန် တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် လုပ်မည်ဆိုပါက နိုင်ငံရေးအရအာမခံချက်ရှိနိုင်မည့် အဓိကအားဖြင့် တိုင်းရင်းသား တန်းတူရေးနှင့် ဒီမိုကရေစီအရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြန်ရွေးဆွဲရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမည်ဆိုသည့် အာမခံချက်ရှိရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးကို နှစ်ဖက် ဖိအားမပေးနိုင်သည့် အခင်းအကျင်းအောက်၌ ဖန်တီးရန်လိုအပ်ကြောင်း၊ အသွင်ကူးပြောင်းရေးကာလ တရာမျှတရေးဖော်ဆောင်ရန် လိုအပ် ကြောင်း ပဒိုမန်းမန်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။