Connect with us

Hi, what are you looking for?

သတင်း

ကော်ဘရာစစ်ဆင်ရေးအတွက်ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်း ယနေ့ကစ၍ တစ်လကြာပြုလုပ်မည်

လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး ကမ်ပိန်းကို ဩဂုတ် ၁ရက်မှ စက်တင်ဘာ ၁ရက်အထိ တစ်လသတ်မှတ်ထားပြီး ပါဝင်ထောက်ပံ့ငွေ ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြသည်။

(စစ်ကောင်စီတပ်နှင့် တိုက်ပွဲတစ်ခုတိုက်ခိုက်ပြီးနောက် တွေ့ရသော ကော်ဘရာစစ်သည်တော်များ။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီတပ်နှင့် တိုက်ပွဲတစ်ခုတိုက်ခိုက်ပြီးနောက် တွေ့ရသော ကော်ဘရာစစ်သည်တော်များ။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️ပြည်သူများပါဝင်ပေးရန် တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ၌တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာ စစ်ကြောင်း၏ စစ်ဆင်ရေးအတွက် ကျပ်သိန်း ၅,၀၀၀ ကမ်ပိန်းကို ယနေ့(ဩဂုတ် ၁ရက်)မှ စတင်မည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

စစ်ကြောင်း၏ လိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးအတွက် ရန်ပုံငွေရှာဖွေရေး အစီအစဉ် Fundraising Campaignများ အခါအားလျှော်စွာ ပြုလုပ်ရန် စစ်ကြောင်းထောက်ပံ့ရေး ကဏ္ဍတစ်ခုအဖြစ် အသုံးပြုမည့်Cobra Column Fundraising Team (CCFRT) Facebook စာမျက်နှာအား ကော်ဘရာ စစ်ကြောင်းက မိတ်ဆက်ရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

“CCFRT ရဲ့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ “လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး Campaignကို အခုလာမယ့် ၈ လပိုင်း ၁ ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်လို့ မြွေဟောက်တွေရဲ့အစွမ်းပြဖို့ ပြည်သူများရဲ့အားနဲ့ ဝိုင်းဝန်း ပံ့ပိုးကူညီကြပါဦးလို့ တိုက်တွန်းပါရစေ”ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး ကမ်ပိန်းကို ဩဂုတ် ၁ရက်မှ စက်တင်ဘာ ၁ရက်အထိ တစ်လသတ်မှတ်ထားပြီး ပါဝင်ထောက်ပံ့ငွေ ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့အတွက် အသက်ကိုရင်းပြီး ပြည်သူ့၊အောင်ပွဲတွေကို ဆက်တိုက်ရယူနေကြတဲ့ ရဲဘော်တွေအတွက် ခဲယမ်းဖြည့်တင်း၊ တပ်ဆင်နိုင်ရန် စီစဉ်ထားတဲ့ Campaign ဖြစ်တာမို့ ပြည်သူအားလုံး တတ်နိုင်သမျှ ဝိုင်းဝန်းပါဝင်ကြပါလို့ တိုက်တွန်းပါရစေ”ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် Cobra Column Page ကို like/follow ထားကြသလို Cobra Column Fundraising Team (CCFRT) page ကိုလည်း like/follow/share လုပ်ပေးကြဖို့ ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။